Fifty Shades OF Mafia
[🌴2jae🌙_🐞Jackbam🐍]::::::::::::::::::::::::: ::::::::::::::::::::::::::
Zawgyi :::
(ဤအပိုင်းတွင်ပါဝင်သော knowledge များကို Green Rose_94 အား credit ပေးပါသည်။ 😻)
_______
Day_1
Wolf-hound တွင် Youngjae ပထမဦးဆုံးဖြတ်သန်းရသည့် နေ့.. ။
ယောက်ျား မိန်းမ ဂိုဏ်းသား သုံးဆယ်ကျော်လောက်ရှိသော training လူတွေနဲ့ ယောင်းဂျယ်တို့ ရှိနေတာ လေ့ကျင့်ရေးကွင်းဟု ဆိုသည့် ကွင်းပြင်းကြီးတစ်ခုတွင်ဖြစ်သည်။ မနက်လေးနာရီ အချိန်ဖြစ်သည်။ training schedule အရ မနက်တိုင်း မဖြစ်မနေ လုပ်ရမည့် အလေ့အထဟုဆိုသည့် တောလမ်းပြေးလေ့ကျင့်ခန်းဟုဆိုတာကြီးတွက် သူပါ အစောကြီးလိုက်ထရသည်။
သူနဲ့အတူ အားလုံး တူညီဝတ်စုံ ပြောက်ကျား ဘောင်းဘီရှည်နဲ့ စစ်ရောင် စွတ်ကျယ်တို့ကို ဝတ်ဆင်ထားကြသည်။ဒါဟာ မနက်လေ့ကျင့်ခန်းတွက် ယူနီဖောင်းဟုလည်း ဆိုကြသည်။
ရှေ့က ထရိန်နင် တီချာဆိုသူက ဂိုဏ်းသားအသစ်လေးတွေကို အမည်နဲ့ ကျွမ်းကျွင်မှုတွေကို ရွတ်ပြပြီး နာမည်ဝှက်တွေပေးနေသည်။
"Han Hee..!
ဆေးဝါးအထူးပြု ကျွမ်းကျင် ..""ရှိ..!"
မိန်းကလေးတစ်ဦးဖြစ်သည်။
"ဟုတ်ပြီ နာမည်ဝှက် Orthop... "
(Orthopaedic =အရိုးအထူးကုပညာကို လေ့လာလိုက်စားသူ)
"Kim Bunny !
ခါးပတ်နှိုက် ကျွမ်းကျင်.. ""ရှိ...! "
"Ok ..နာမည်ဝှက် yegg ! "
" Lee Seung Min !
ကိုယ်ခံပညာကျွမ်းကျင်သူ... ""ရှိ..!"
"နာမည်ဝှက် Judo.. !"
"နောက်တစ်ယောက် Choi Young Jae !
အမ်..? Choi Youngjae ရှိလား..? လက်ထောင်စမ်း!
Choi Young Jae! ""ရှိ..ရှိပါတယ်..."
"ဘယ်မှာလဲ? ရှေ့ထွက်လာစမ်း...! "
ရှေ့က အရပ်ရှည်ရှည် ထွားထွားကျိုင်းကျိုင်းသူတွေနောက်မှာ ယောင်းဂျယ်က ပျောက်နေသည်အတွက် ထရိန်နင်ဆရာ ပြူးပြဲပြီး လိုက်ရှာနေရသည်။ ယောင်းဂျယ်ရှေ့ရောက်ချိန် ထရိန်နင်ဆရာ သေသေချာချာ ကြည့်ရှုနေတော့သည်။အသားအရေက နုဖတ်ပြီး မျက်နှာခပ်ချောချောနဲ့ ကောင်လေးတစ်ယောက် ဒီဂိုဏ်းထဲ ဘာလို့ရောက်လာသလဲ စဉ်းစားမရ..။
YOU ARE READING
Fifty Shades Of Mafia [Completed]
FanfictionMafia Vs Leveret Yegg Vs Leveret Yaoi___ Inclusion (🚨🔞Rated Mature🔞🚨)