Fifty Shades OF Mafia
[🌴2Jae🌞_👑Jackbam🐍]
:::::::::::: :::::::::::::[Zawgyi]
စံအိမ်ရဲ့ရုံးခန်းထဲ ဂျယ်ဘုမ်းစာရွက်စာတန်းတွေနဲ့ အလုပ်များနေသည်။စိတ်က အပြည့်အ၀ အလုပ်ထဲ အာရုံစိုက်လို့မရ။ဘာလို့ဆို သူ့ကလေးက သူ့ကို ဂရုတောင်မစိုက်နိုင်ပဲ အဖြူကောင်နဲ့ပဲ အလုပ်ရှုပ်နေလို့။အလုပ်မရှိအလုပ်ရှာ အဲ့နှာခေါင်းမကို ရေထိုင်ချိုးပေးနေတာတဲ့။mark hyungပါ အစစ်ပါသေး။ရေဇလုံသေးသေးလေးထဲမှာ ဆပ်ပြာမြုပ်ခရင်မ်တွေနဲ့ ဆာကူရာပွင့်တွေနဲ့ အကျအနကို ချိုးပေးနေကြရှာတာ။မိုးမမြင်လေမမြင်ဖြစ်နေတာ သူရောက်လာတာကိုတောင် မမြင်နိုင်ကြဖူး။စိတ်တိုတိုနဲ့ထွက်လာပြီး အလုပ်တွေချည်းပစ်လုပ်နေတာ စိတ်မပါတာတခုပဲ။
အသံမပေး ဘာမပေးနဲ့ ဂျင်ယောင်းက ရုံးခန်းထဲကောက်ဝင်ချလာ၏။
"hyung ! ကျွန်တော့်လူကော ? "
ဒီကောင်လေးလည်း ငါ့လူ ငါ့လူနဲ့ တော်တော်ဖြစ်
"mark hyungရောလို့ ?"
"ငါ့ဘေဘီနဲ့ ခွေးဇာတ်ခင်းနေကြတယ် !!!! "
(Just For Fun)
"ဘာ???
hyung ဘာပြောလိုက်တာ? "
"ဘာကမလဲ အဲ့မယ် ခြံရှေ့မှာ မမြင်ကြဖူးလား
အလုပ်မရှိ အလုပ်ရှာ အဲ့နှစ်ယောက်က ခွေးကို ရေထိုင်ချိုးပေးနေကြတယ်လေ ""အာ hyungဗျာ လန့်လိုက်တာ ခွေးရေထိုင်ချိုးပေးနေတယ်လို့ပြောရောပေါ့ ခွေးဇာတ်ခင်းနေကြတယ်ဆိုတော့ ... "
"မသိဖူး ငါပြောတတ်သလိုပြောတာ
မင်းလူကို မင်းကြည့်ထိန်းထားလိုက်ရင်ကောင်းမယ်"jinyoungကမျက်နှာကြီးမဲ့ပြသည်။
"ရော် ကျွန်တော့်လူက ဘာဖြစ်? "
"ငါက ငါမရှိတဲ့အချိန်တုန်းက ငါ့ကလေးတယောက်တည်းဖြစ်နေမှာစိုးလို့ အဖော်လုပ်ခိုင်းခဲ့တာလေ
ခွေးလက်ဆောင်ပေးလိုက်ပါလို့ ပြောခဲ့မိလို့လား
ခုတော့ ကြည့် အဲ့ခွေးတကောင်နဲ့ပဲ အလုပ်ရှုပ်နေတာ ငါ့ရှိတယ်လို့ကို မထင်တော့ဖူး
ချီးပဲ ခွေးလောက်တောင်အရေးမပါတဲ့ ချီးဘ၀ကြီး!!"
YOU ARE READING
Fifty Shades Of Mafia [Completed]
FanfictionMafia Vs Leveret Yegg Vs Leveret Yaoi___ Inclusion (🚨🔞Rated Mature🔞🚨)