မိုးသည် အုံ့မှိုင်းလျက်
မကြာမီမိုးရွာတော့မည်
ပြောရင်းဆိုရင်းပင်မိုးပေါက်ကလေးများက
ထက်ကောင်းကင်မှမြေပြင်ထက်သို့ ခုန်ပျံဆင်းသက်နေပေပြီ။........................
အချိန်က ၁၇၆၅ ခုနှစ်
ဆင်ဖြူရှင်မင်းတရား လက်ထပ်..............................
အင်းဝရွှေနန်းတော်......
ညီလာခံဆောင်အတွင်းဘက်.................................
"မင်းကြီးများ.....''
"ဘုရား........''
"ကိုယ်တော်မြတ်အရေးကြီးညီလာခံအခေါ်တော်မူခိုင်းရအောင် အဘယ်အရေးကိစ္စရှိလို့တုန်း..ကွဲ့''အပြင်ဘက်သည် မိုးစုံးစုံးချုပ်လျှက် ရှိသကဲ့သို့
မိုးရွာတော့မည်။ မိုးလဲခြိမ်းနေသည်။"မင်းကြီးဘုရား....နယ်စပ်မှာအရေးအခင်းဖြစ်ကြောင်း ကျိုင်းတုံမြို့ ဝန်က စာချွန်တော်ပါး လိုက်ကြောင်းပါ.....''
"ဟဲ့...စာတော်ဖတ်ဖတ်ပြစမ်းကွဲ့.....''
"မှန်ပါ့
ဘုန်းသမ္မာကြီးမြတ်တော်မူလှသော......
.....@#%^&^%$#@''
"တောက်......''မင်းတရားကြီး၏တောက်ခေါက်သံသည် ညီလာခံတခုလုံးဟိန်းထွက်သွားသည်။
အမတ်များမှာလဲ ခေါင်းမဖော်ရဲအောင်ကြောက်နေသည်။
"ဂျိန်......''
မိုးကြိုးပစ်လိုက်ပီးလျက်စီးလက်သံနှင့်အတူ
မင်းတရားကြီး၏ ခက်ထန်မာကျောပြီး အမျက်ထွက်နေသည့် မျက်နှာတော်သည်
အမတ်များအားလုံးကို ကြောက်ရွှံမှုပိုရစေခဲ့သည်။"ဟဲ့.....နေမျိုးကျော်ထင်ရှိလား.....
မရှိလျင်သွားခေါ်ချည်.....''ညီလာခံဆောင်အတွင်းနေမျိုးကျော်ထင်မရှိသောကြောင့် အမတ်တယောက်က ကုန်းကုန်းကွကွနှင့် သွားခေါ်ရန် ထွက်သွားတော့သည်။
မိုးခြိမ်းသံများနှင့် မိုးစက်လေးများကျသံများမှအပ ညီလာခံအတွင်းဘာသံမှမကြားရ။
အမတ် ၆၀ ကျော်တို့သည် စွံအ လျှက်ရှိကြကုန်ပြီ။
သိပ်မကြာခင် သတင်းတစ်ခုရောက်လာသည်။