"ရှေ့ဆုံးက မြင်းတပ်.....စထွက်တော့....''
မြင်းတို့၏ ခွာယက်သံနှင့်အတူ မြင်းစီးစစ်သည် ၂၀၀၀ တို့သည် စစ်မြေပြင်သို့စတင်ထွက်ခွာကြပေပြီ။
"မြင်းတပ်ပြီးရင်ဆင်တပ်လိုက်....''
ဆင်တို့သည်လည်း ကျီကျီကျာကျာ အော်မြည်လျက်.........
ဆင်ပေါ်၌ လည်းအရေးကြီးအရာရောက်သော
စစ်သည်အကျော်အမော်များပါဝင် စီးနင်းကြသည်။ဆင်တစစ်စီး၌ ဆင်ဦးစီး ၁ ယောက်
ကုန်းလယ်စီး ၁ ယောက် ဆင်နောက်ထိုင် ၁ ယောက် စုစူပေါင်း ၃ ယောက်ပါဝင်သည်။ထို့နောက်.......ခြေလျင် သူရဲကောင်းတပ်များက
နောက်မှလိုက်လာကြသည်။ထိုသူတို့နောက်၌ အမြှောက်တပ်နှင့် ရိက္ခာထောက်တပ် လိုက်ပါသည်။
မင်းတရားကြီးသည်လည်း နန်းမြှင့်မျှော်စင်ပေါ်မှ သူ၏ မြင် မဆုံးသော စစ်သည်တန်းကြီးကိုကြည့်လျက် ကျေနပ်အားရ
စွာ ဖြစ်လျက်ရှိသည်။နေမျိုးစည်သူလည်း ဆင်ပေါ်မှ အင်းဝရွှေမြို့တော်ကြီးကို သမင်လည်ပြန်ကြည့်ကာ.....လွမ်းမောခြင်းကြီးစွာဖြင့် ဇနီးမယားနှင့် သမီးသားတို့ကို လွမ်းလျက်ဖြင့်
ချီတက်ရတော့သည်။ချီတက်လာသော မြန်မာတပ်များသည် အောင်လံတလူလူလွှင့်လျက် ချီတက်ခဲ့ကြသည်။
စစ်သည်အုပ်မှာလည်း ကြောက်ဖွယ်မက်ဖွယ်ရာပင်။
ပြင်းစွာသောတိုက်ပွဲများ ကြားတွင် အသက်စွန့်က တိုင်းပြည်ကို အသက်ပေး ကာကွယ်ရန် အသင့်ဖြစ်လျက်ရှိပြီ.......
ရဲမက်များချီလာပြီး ညနေစောင်းအချိန်.....
ချောင်းကလေးနံဘေး၌ စခန်းချကြရန်ဆုံးဖြတ်သည်။
ရဲမက်များမှာလည်း ထင်းကောက်သူကကောက်
ထမင်းဟင်းချက်သူကချက် ရီသူကရီ စကားပြောသူကပြော ဖြင့် ပျော်ရွှင်ဖွယ် ခရီးကဲ့သို့ပင်.....သို့ပေမဲ့
ဤ စစ်ပွဲသည် သူတို့အသက်ကိုဇဝိန်ခြွေတော့မည်ကိုတော့သူတို့မသိကြ......