Zawgyi
သီချင်းသံလေးဖြင့် ငြိမ့်ညောင်းနေသည့် ဘားထဲတွင် ရင်ထဲကနာကြင်မှုကိုအရက်ပြင်းပြင်းဖြင့်ဖြေဖျောက်နေသည့် ကောင်လေးတစ်ယောက်။
"မင်းအဲ့လိုကြီးပဲ သောက်နေတော့မှာလား Kongpob? ဘာမှပြောစရာမရှိဘူးလား? သောက်ပဲသောက်နေတော့မှာဆိုရင်လဲ ငါလစ်တော့မယ်ကွာ "
"အဟွန်း...သူကငါ့ကို ကွာရှင်းစေချင်နေပြီ Aim"
"ဘာ..ဘယ်လို.? Arthit ကလား? "
"ငါတို့ရှယ်ယာတွေက ပြန်သိမ်းခံလိုက်ရတယ်ကွာ အဲ့တာကြောင့် တရုတ်ဘက်ဈေးကွက်တိုးချဲ့မဲ့ကိစ္စကိုခဏငံ့ထားရတယ်ဆိုပါတော့ကွာ..."
"အဲ့တော့...သူက မြန်မြန်ကွာရှင်းချင်နေပြီတဲ့လား?"
"ငါ့ကို စိတ်ရှုပ်မခံနဲ့တဲ့ ...အဲ့ကိစ္စသာမြန်မြန်ပြီးပါစေတဲ့ကွာ.... Aim မင်းသိလား? ငါဘယ်လိုခံစားနေရလဲ မင်းသိရဲ့လား? "
အရက်ပြင်းတို့၏အရှိန်ကြောင့်ရော မျက်ရည်တို့နှင့်ပြည့်လာသဖြင့် ငိုသံစွက်လာသည်ရောကြောင့် Kongpob အသံတွေစည်းချက်မမှန်ချင်တော့...။
ကျွန်တော့်ရင်ထဲတွင် သိပ်ခံစားနေရသည်။ စိတ်တွေမွန်းကြပ်နေသည်။ ကိုယ့်ဘက်ကသူ့ကို အတတ်နိုင်ဆုံးအနားတွင် ဆွဲခေါ်ထားချင်မိခဲ့သည်။သို့ပေမဲ့လဲ မျှော်လင့်ချက်တို့သည် ကောင်းသောအရိပ်အယောင်ပင်မရှိ။
'မင်းငါ့ကို ဘယ်လိုသဘောထားလဲOnnရယ် ...'
မေးချင်သည့်စိတ်တို့သည် ရင်ထဲတွင်တဖွားဖွား။ သို့ပေမဲ့ မမေးရဲ။ မိဘလက်ထပ်ခိုင်းလို့ လက်ထပ်ထားသည်။ ကိုယ့်အပေါ်ဘာခံစားမှ မရှိဟူသာဖြေလိုက်ကြည့်ပါလား...ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သွားပေအုံးတော့မည်။
"ငါ.. ငါ ရင်တွေအရမ်းနာနေတယ် မင်းသိရဲ့လား? ငါတို့နှစ်ယောက်ကြားက ပက်သက်မှုက ဘာလိုအပ်နေမှန်းကို ငါမသိတော့ဘူး..."
Aimကတော့ အေးဆေးစွာပင် နားထောင်နေသည်။ ဘာစကားမှဝင်မဆိုမိသေး။
" Aim မင်းသိလား? ငါလေ ... သူမရှိရင် ဘယ်လိုဖြစ်မလဲ မသိဘူး။ ငါ့နားမှာလေ သူမရှိတော့ဘူးဆိုတာတွေးလိုက်ရင်ကို ငါတစ်မျိုးကြီးပဲ ခံစားရခက်လာတယ်ကွာ... ပြီးတော့ ဟော့ဒီရင်ဘတ်ကြီးက နာလာတယ်...ငါတို့သာကွာရှင်းပြီးရင်... အဟက် ငါရူးသွားလောက်မလားမသိဘူး..အဟား.."
YOU ARE READING
My Dear Ai'Onn [ Completed ]
FanfictionZawgyi >စီးပွားရေးလုပ်ငန်းအခြေအနေအရ လက်ထပ်လိုက်ရတဲ့ သူတို့နှစ်ယောက်ရဲ့ဘဝ... အချစ်မပါတဲ့ အိမ်ထောင်ရေးက ဘာတွေကို ဖန်တီးပေးသွားမလဲ?? တိုတိုလေးပဲရေးမှာပါ ..... Kongpob ~Arthit Uni>စီးပွားရေးလုပ်ငန်းအခြေအနေအရ လက်ထပ်လိုက်ရတဲ့ သူတို့နှစ်ယောက်ရဲ့ဘဝ... အချစ်...