Zawgyi
ယောကျာ်းလေးတစ်ယောက် ဖြစ်လင့်ကစား ကျောင်းပြီးဘွဲ့ရတော့ မိသားစုစီးပွားရေးလုပ်ငန်းတွေကို လျစ်လျူရှုကာ ဝါသနာပါရာစာရေးဆရာ အလုပ်လုပ်နေပေမဲ့ စီးပွားရေးအရ ဖခင်ဖြစ်သူရဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း၏သားနှင့် လက်ထပ်ခဲ့ရသည့် Arthit တစ်ယောက်။ မိသားစုနှစ်ဖက်စလုံး တောင့်တင်းတဲ့ မဟာမိတ်စီးပွားဖက်ဖြစ်လာခြင်းသည် သူတို့နှစ်ယောက်၏ မင်္ဂလာပွဲကအခြေပြုသည်။
Arthit မှာငယ်စဉ်ကတည်းက မိခင်နှင့်အစ်မဖြစ်သူတို့၏ ဆုံးမသွန်သင်မှု နေထိုင်ရင်းနှီးမှုကြောင့် လိမ္မာပါးနပ်သည်။ စိတ်သဘောထားလေးမှာ နူးညံ့သိမ်မွေ့သည်။ လူကြီးမိဘကို သိတတ်ရိုသေသည်။ ပညာကြိုးစားသည်။ မိခင်တိုင်းအတွက် အားကျဖွယ် သားလိမ္မာလေးတစ်ယောက်ဖြစ်ပေသည်။
သူတို့နှစ်ယောက် မင်္ဂလာပွဲမတိုင်မီ တစ်လအလိုလောက်ကဖြစ်လေသည်။
" ကျွန်တော်ဂေးမဟုတ်ဘူးPhor ! Phorတို့က ရုပ်ရှင်ဇာတ်ကားတွေထဲက အကွက်တွေလာချပြနေကြတာပဲ။ Phorသူငယ်ချင်းရဲ့သားက သမီးဖြစ်နေမယ်ဆိုရင်တောင် ကျွန်တော်မချစ်ပဲလက်ထပ်ဖို့မဖြစ်နိုင်ဘူးPhor!
အခုဟာက Phorတို့ပြောနေတာလဲ ကြည့်ပါအုံး။ ကိုယ့်သားကို ယောကျာ်းပေးစားမယ်တဲ့ ဘယ်လောက်ပဲ စီးပွားရေးအရဖြစ်ဖြစ် ဒါလုံးဝအဓိပ္ပာယ် မရှိဘူး! "
"Kongpob! သားလက်ခံရ မလွယ်ဘူးဆိုတာ Phorတို့နားလည်ပါတယ်။ သားလဲ စီးပွားရေးလောကမှာ ကျင်လည်ကျက်စားနေတဲ့ သူပဲ ဒီလောက်တော့နားလည်မှာပါ။ စီးပွားရေးအတွက် သားဘဝကို ခဏရင်းနှီးမြုပ်နှံထားတယ်လို့ပဲ သဘောထားလိုက်ပါ။
စီးပွားရေးအတွက် ဖြစ်တည်လာတဲ့ အိမ်ထောင်ရေးက အတည်မှမဟုတ်ပဲ။ အိမ်ထောင်ကျသွားလို့ သားဘဝကြီးပြီးဆုံးသွားတာမဟုတ်ဘူး...ကုမ္ပဏီနှစ်ခု အကျိုးတူပူးပေါင်းဖို့အတွက် သားတို့နာမည်တွေ ရင်းနှီးထားတယ်လို့မှတ်ပါ..."
"ကျွတ်....Phor ကလဲ.."
"ပြီးတော့ ဟိုဘက်က ကလေးကလဲ သားလိုမှမဟုတ်တာ စိတ်ပူစရာမရှိဘူး...စီးပွားရေးအရသာ Phor
တို့ စီစဉ်လို့သာ လက်ခံရတာ စီးပွားရေးတွေ လုပ်ငန်းအတွေ့အကြုံတွေဆိုတာ ဘာမှန်းတောင် သူသိမှာမဟုတ်ဘူး!
KAMU SEDANG MEMBACA
My Dear Ai'Onn [ Completed ]
Fiksi PenggemarZawgyi >စီးပွားရေးလုပ်ငန်းအခြေအနေအရ လက်ထပ်လိုက်ရတဲ့ သူတို့နှစ်ယောက်ရဲ့ဘဝ... အချစ်မပါတဲ့ အိမ်ထောင်ရေးက ဘာတွေကို ဖန်တီးပေးသွားမလဲ?? တိုတိုလေးပဲရေးမှာပါ ..... Kongpob ~Arthit Uni>စီးပွားရေးလုပ်ငန်းအခြေအနေအရ လက်ထပ်လိုက်ရတဲ့ သူတို့နှစ်ယောက်ရဲ့ဘဝ... အချစ်...