ep16

56.1K 5.7K 515
                                    

 အလုပ်သင်ဆိုပေမယ့် ချမ်းဟာ မားကတ်တင်းဋ္ဌာနတွင်သာမက တခြားဋ္ဌာနတွေမှာပါ မျက်နှာစန်းပွင့်သူဖြစ်သည် ။ ရုပ်ချောတာချင်းတူပေမယ့် စွဲညို့ရဲ့မျက်နှာပေးဟာ အထက်စီးဆန်ပြီး တော်ရုံလူက မျက်နှာချင်းမဆိုင်ရဲတဲ့အထိ ရှိန်ကြကာ ချမ်းကတော့ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ ပြည့်စုံသလားအောက်မေ့ရသည် ။ ဋ္ဌာနတစ်ခုမှာ ရုပ်ချောတဲ့သူရှိတာ တစ်မျိုးကောင်း၏ ။ မိန်းကလေးငယ်များ၏ စိတ်ကူးထဲက ideal type ဟာ စွဲညို့လို သူဋ္ဌေးသားဆိုပေမယ့် အတူလက်ချိတ်ပြီး သွားချင်တဲ့ယောကျာင်္းမျိုးကို ပြပါဆိုရင် ၇၀ ရာခိုင်နှုန်းလောက်က ချမ်းကို လက်ညိုးထိုးပြပေလိမ့်မည် ။

ချမ်း,ရဲ့အပြုံးဟာ အရမ်းတောက်ပပြီး မျက်ဝန်းလှလှလေးတွေဟာအရမ်းရိုးသာဖြူစင်ပုံပေါ်ကာ အပြုအမူယဉ်ကျေးသိမ်မွေ့၍ ချမ်း,သည် ရက်ပိုင်းအတွင်းပင် စွဲညို့ကိုကျော်ကာပျိုမေတို့၏ အသည်းစွဲဖြစ်လာသည် ။ စွဲညို့ကို ကျော်တက်လာရသည့်အကြောင်းရင်းကလည်း အမြဲတမ်းမျက်နှာထားတင်းမာကာစိတ်ကြီးဝင်နေသည့် စွဲညို့၏ အကျင့်စရိုက်တစ်ချို့ကြောင့် တော်ရုံကြိုက်လှပါချည်ရဲ့ဆိုသည့်မိန်းကလေးတွေတောင် သူ့ကိုနူတ်ဆက်ဖို့မပြောနဲ့ မျက်လုံးခြင်းဆုံအောင်တောင် မကြည့်ရဲကြ။ ချမ်း,ကတော့ မနက်အလုပ်ရောက်ပြီဆိုတာနဲ့ မြင်သမျှလူအားလုံးကို အပြုံးလေးနဲ့နူတ်ဆက်ကာ အလိုက်တသိနေတတ်သောကြောင့်ဖြစ်သည်။

ကုမ္ပဏီက ၀န်ထမ်းအင်အားလိုအပ်ခြင်းမရှိဘဲ အသစ်တစ်ယောက်ကို အင်တာဗျူးတောင်မခေါ်ဘဲ အလုပ်သင်တန်းခန့်သည့်အပေါ် လူတစ်ချို့သည် ချမ်း,ကို ရာထူးကြီးပိုင်းက တစ်ဦးဦးနဲ့ဆက်စပ်မှုရှိ၍ ရောက်လာတာလား ဒါမှမဟုတ် သူဋ္ဌေးနဲ့ပက်သက်တဲ့ ဆွေမျိုးသားချင်းတစ်ဦးလားဟု သို့လောသို့လော မေးခွန်းထုတ်ချင်ကြပေမယ့် မည်သူမျှ ပေါ်တင်မမေးရဲကြ ။

" ငြိမ်းချမ်းရေ ....... ချူးတို့နဲ့လိုက်သွားပြီး စတိုထဲက လက်ကျန်ပစ္စည်းစာရင်းတွေ သွားမှတ်လာပေးနော် ။ နောက်ခါဆို ချူးတို့မရှိရင် ဒါတွေကို ချမ်း လုပ်ပေးရမှာ ''

Hello...... My Ex-boyfriend  ( Z + U)Where stories live. Discover now