မပြည့်နိုင်တဲ့ လိုအင်တွေထဲမှာ
သူကထိပ်ဆုံးက နေရာယူဆဲပါပဲ..အရုပ်ကြိုးပြတ် ကိုယ်လဲကျချင်တဲ့ကာလအချို့မှာ
ဖေးမတဲ့လက်တစ်စုံရဲ့အနွေးဓာတ်အစား သူ့အပြုံးလေးဆီကပဲ တိတ်တဆိတ် အားယူခဲ့ရတယ်..ကိုယ့်ဘေးကလူတွေက အတုအယောင်တွေမှန်း
တဖြည်းဖြည်းသိလာရတဲ့အခါ
ကိုယ့်ရဲ့နာကျင်ဆုံးရှုံးမှုတွေကို သူ့ကိုပဲပြောဖြစ်တယ်..မွန်းကြပ်လွန်းလို့ ရင်ဖွင့်စရာ ခိုင်ခိုင်မာမာ Contact Nameလေးတစ်ခုတောင် မရှိတဲ့အခါတွေဆိုရင်
သူ့ဆီကိုစာတွေရေးဖြစ်တယ်...ဒီအတိုင်း ကိုယ်နေနေတဲ့ ကိုယ်ပိုင်ခပ်ကျဉ်းကျဉ်း ကမ္ဘာလေးထဲမှာ သူရှိနေတယ်ဆိုရုံအသိလေးကတင်
ကိုယ်အသက်ရှုဖို့လုံလောက်ပါသေးတယ်...ကိုယ့်ရဲ့ဂျွန်း💙
YOU ARE READING
"Hello"
Non-Fictionနှုတ်ဆက်ခြင်းမမည်သော... တိုင်တည်ခြင်းမမည်သော... ဂျွန်းမသိသော.... လူတစ်ယောက်၏ ခံစားချက်များ..