ကလေး(သို့)ကောင်ဆိုးလေး

304 29 2
                                    

ကလေး……ကလေးဟူ၍သာ ကျွန်တော် သူ့အား အမည်နာမ တပ်ပေးခဲ့သည်

သို့သော်……တကယ်တမ်းမှာ သူက ကလေးမဟုတ်ခဲ့!!!

✂✂✂✂✂✂✂✂✂✂✂✂✂✂✂✂

ဒီဇင်ဘာ 19ရက်နေ့…
ဝေလီဝေလင်းမနက်ခင်း…
နှင်းမှုန် နှင်းစတို့က မြေစိုင်မြေခဲတို့ကို ကျီစယ်သယောင်ယောင် ကျဆင်းနေလျက်………

ထိုအချိန်၌………………

"ဒုန်း…ဒုန်း…ဒုန်း"

"Wu yifan တံခါးဖွင့်စမ်း အေ့!
ဟေ့……Yifan…ဘဲနာ ဘဲစုတ်ကြီး အေ့!
တံခါးဖွင့်ဆို…ဒုန်း ဒုန်း ဒုန်း"

"မဖွင့်ပလား ရတယ် အေ့!!"

"ဒုန်း ဒုန်း!!!"

သကောင့်သားမှာ တံခါးအားခြေဖြင့်ကန်လေပြီ
"ဒုန်း…"

ခြေဖြင့်ကန်၍မဆုံး အတွင်းမှ အိပ်မှုန်စုပ်ဖွားဖြင့်……

"ချလောက်"

"ဘသူကများ အစောကြီး လာသောင်း…သောင်း………အဲ!!
ကလေး………"

တံခါးဖွင့်ပီးပီးချင်း မြင်လိုက်ရတာကတော့ တခြားသူ မဟုတ်!
ကျွန်တော်၏ ချစ်လှစွာသော ကလေး……

ပြောလိုမှမဆုံး… ကျွန်တော့်အပေါ်သို့ ပြိုလဲလာသည်က
ကလေး၏ အရက်နံ့ထောင်းထောင်းထနေသော ခန္ဓာကိုယ်ပင်…………

ဤသည်မှာ  ကျွန်တော့်အတွက်  မထူးဆန်းတော့ပေ
သူ နှင့် ကျွန်တော် လက်ထပ်ပြီးကတည်းက  သူဆိုတာ နေ့တိုင်းလိုလိုပင်  မူးရင်မူး မမူးရင် လျှောက်သွားပြီး အချိန်ဖြုန်းနေတတ်လေရဲ့……

မချစ်  မနှစ်သက်တဲ့  သူနဲ့နေရတာလည်း ဝဋ်တမျိုးပဲမဟုတ်လား… 
အဲ့တော့ ကျွန်တော် နားလည်ပေးရတာပေါ့!

သူမူးလာတိုင်း သူ၏ ခန္ဓာမှာ ကျွန်တော့်နီးပါးရှိသည်မို့ ဒယိမ်းဒယိုင်ဖြငိ့ အခန်းထဲသို့ တွဲပို့ရလေသည်

ဘယ်လောက်မူးမူး အိမ်ပြန်လာသည့် သူ့အတွက် ကျွန်တော်ဒီတခုတော့ ရင်ပေါ့ ရလေသည်………
ဒီမနက်ကတော့ မိုးလင်းအောင်သောက်ခဲ့ ပျော်ခဲ့သည်ထင်ပါရဲ့……………

သူ့ကို အခန်းထဲထည့် ကုတင်ပေါ်တင်ပေးပြီး အကျီင်္ကြယ်သီး သုံးလုံးလောက် ဖြုတ်ပေးကာ သက်တောင့်
သက်သာနေစေလိုက်တယ်
သူကတော့ အိပ်မောကျနေလေပြီ………

အရက်အရှိန်ကြောင့် နီတက်နေတဲ့ မျက်နှာပေါ်သို့ ငွေရောင်မကျ အဖြူမကျ ဆံနွယ်တို့က ပြန့်ကျဲဖုံးအုပ်လျက် ရှိနေလေသည်…

သူ့ရဲ့ ဖောင်းမို့နေသော မျက်ခွံအစုံ…
နီတောက်တောက် ပါးပြင်လေးနှစ်ဖက်နဲ့
စတော်ဘယ်ရီလို ရဲနေတဲ့နှုတ်ခမ်း ဖူးဖူးလေးတွေကို
အခြားသူတွေ ပိုင်ဆိုင်ခွင့်ရမှာကို ကျွန်တော် သိပ်ကြောက်မိတယ်

သိပ်ချစ်လွန်းလို့ အကြင်နာပိုစွာ "ကလေး" လို့ ကျွန်တော်က အမည်ပေးခဲ့ပေမဲ့
သူကတော့ ကျွန်တော့်ကို "ခင်ဗျားကြီး" တဲ့
တခါတခါ ဒေါသထွက်ရင် "Wu yifan"ဆိုပြီး အသံမာမာနဲ့ ကျွန်တော့နားကို နှိပ်စက်
နှလုံးသားကို ဓားနဲ့မွှန်းလေရဲ့……

နှိပ်စက်သင့်ပါတယ်…
ကလေး မိသားစုကို ကျွန်တော်က ဖျက်ဆီးခဲ့တာကို…

အဟဲ ဒီစကားကြားပြီး ကျွန်တော်က လူဆိုးလားလို့ ခင်ဗျားတို့ ထင်ကောင်းထင်ပါလိမ့်မယ်

တကယ်တမ်းက
ကျွန်တော့်ရဲ့ အလုပ်က စုံထောက်
ကျွန်တော်က အရာရှိတစ်ဦး……

⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳
လွန်ခဲ့သော တစ်နှစ်ခန့်ဆီသို့………

❌❌❌❌❌❌❌❌❌❌❌❌❌❌❌
Tbc~

#မနေနိုင်မထိုင်နိုင် ထရေးမိပြန်#
အရင်Ficတွေလည်း Upပါ့မယ်နော့်
ဒီFicလေးက စိတ်ကူးရတုန်းလေး ရေးမိတာ
ဖတ်ပေးကြမယ်လို့မျှော်လင့်……………

#Marshmello Chan
ကြိုးစားလျက်~



   
   

You've reached the end of published parts.

⏰ Last updated: Mar 25, 2019 ⏰

Add this story to your Library to get notified about new parts!

ILLIMITABLE-LOVEWhere stories live. Discover now