A/N

146 14 12
                                    

အားလုံးပဲ မင်္ဂလာပါ ...။

ဒီစာလေးကိုရေးဖြစ်သွားပုံလေးကို နည်းနည်းလောက်ပြောပြချင်လို့ပါ။ ကျေးဇူးတင်စကားလည်းပြောပါရစေနော်။

အားလုံးသိတဲ့အတိုင်းပဲ ကျမစာမရေးတာ ၅လလောက်ရှိပါပြီ။ အတိုအထွာလေးတွေတော့ရေးဖြစ်ပေမယ့် အဲ့ဒါကလည်း ပြောပလောက်တဲ့အထိမဟုတ်ပါဘူး။ Apirl မှာစာပြန်ရေးမယ်လို့ပြောထားပေမယ့် ဒီရက်ပိုင်းထိကိုဘာမှခေါင်းထဲစဉ်းစားမရသေးပါဘူး။

ဒါပေမယ့် ဒီနေ့ Banana Yoshimoto ရဲ့ Kitchen ဘာသာပြန်စာအုပ်လေးကို စပြီးဖတ်ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Japan စာရေးဆရာမ Banana Yoshimoto က ကျမအပေါ်တော်တော်လေးလွှမ်းမိုးနိုင်တယ်။ သူ့စာတွေကိုဖတ်နေရင်းနဲ့ကို စာရေးဖို့ အတွေးစတွေထွက်ထွက်လာတတ်တယ်။ အရင်က သူ့စာအုပ် The Lake ကိုဖတ်ရင်း ရေးဖြစ်တဲ့တစ်ပုဒ်လည်းရှိသေးတယ်။ (အဲ့တစ်ပုဒ်ကတော့ ပြီးတဲ့အထိရေးပြီးမှ publish လုပ်ဖို့စဉ်းစားထားပြီး ခုထိရေးလို့မပြီးသေးပါ)

ဆိုတော့ ... စာပြန်ရေးဖြစ်စေတဲ့အကြောင်းတရားတစ်ခုဖြစ်တဲ့ Banana Yoshimoto နဲ့ သူ့စာတွေကိုဘာသာပြန်ပေးတဲ့ ဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်။

ပြီးတော့ ကျမရဲ့ someone special ကိုလည်း ကျေးဇူးတင်ပါတယ်။ စာတွေပြန်ရေးဖို့တိုက်တွန်းခဲ့သလို အခုစာအုပ်ရဲ့ cover ကိုလည်း သူကိုယ်တိုင်ဆွဲထားတဲ့ပုံမှာ သူကိုယ်တိုင် edit လုပ်ပေးခဲ့တာပါ။ အမြဲအားပေးနေလို့ ကျေးဇူးတင်ပါတယ်။

ပြီးတော့ ဝမ်းသာစရာတစ်ခုက ဒီနေ့ပဲ follower 1K ပြည့်သွားပါတယ်။ စာတွေမရေးပဲနားထားတာတောင်မှ followလုပ်ပေးကြတဲ့၊ ကျမစာအုပ်တွေကို ဖတ်ပေးကြတဲ့ reader တွေအကုန်လုံးကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီစာကိုရေးဖြစ်တာပါ။ လိုအပ်ချက်တွေရှိနေပေမယ့် နားလည်ပေးကြပါလို့။

ပြီးတော့ ဒီစာလေးကိုဖတ်ပြီး ခံစားရတာလေးတွေကို အပန်းမကြီးရင်ပြောပြပေးခဲ့ကြပါနော်။ စာဆက်ရေးဖို့လိုနေတဲ့အားလေးတွေကို reader တွေဆီကပဲရမှာမို့လို့ပါ။ 😘

ချစ်ခြင်းများစွာဖြင့်
Noel

p.s. မနေ့က အကယ်ဒမီဓာတ်ကူးပြီး စကားရှည်သွားရင် ခွင့်လွှတ်ပါ 😂

T h e_A n o t h e r_U n i v e r s eWhere stories live. Discover now