" မင်းကိုဘာလို့ ဒီကိုခေါ်လိုက်လဲ မင်းသိတယ်
မလား"
ပြင်းထန်စွာရိုက်နှက်ခံထားရသောကြောင့်
သွေးများဖြင့်ပေကျံနေသောလူ၏ခေါင်းကို
Hoseokကြမ်းတမ်းစွာ ဆွဲမော့လိုက်ရင်း
မေးလိုက်သည်
အနီရင့်ရောင်သွေးများက ရိုက်နှက်ခံထားရ
သော မျက်နှာပေါ်ကဒဏ်ရာများမှစီးကျကာ
ထိုလူဝတ်ဆင်ထားသော အဖြူရောင်shirtကို
စွန်းထင်းနေသောကြောင့် မူလအဖြူရောင်ပင်
မပေါ်တော့သော shirtမှာဝတ်ဆင်ထားသော
ထိုလူ၏နီးကပ်လာသောသေခြင်းတရားကို
ပေါ်လွင်စေလေသည်
အရိုက်ခံထားရသော လူမှာတော့ နာကျင်မှု
ကြောင့် စကားပင်ကောင်းစွာမပြောနိုင်ပဲ
ညည်းညူအော်ဟစ်နေရလေသည်"ငါ…ငါ တောင်းပန်ပါတယ် ငါ…ငါ့ကိုအချိန်
နဲနဲလောက်ထပ်ပေးပါ ငါမင်းတို့ရဲ့ပိုက်ဆံ
အားလုံးကိုပြန်ဆပ်ပါ့မယ် ကျေးဇူးပြုပြီး
ငါ့ကိုအချိန်နဲနဲထပ်ပေးပါ ကျေးဇူးပြုပြီး
သနားညှာတာပေးပါ ငါတောင်းပန်ပါတယ်"
အသက်ရှင်သန်လိုသော မျှော်လင့်ချက်များ
ဖြင့် ထိုလူ့ခမျာကြောက်ကြောက်ရွံ့ရွံ့ဖြင့်
အသနားခံနေလေသည်ထိုဖြစ်ရပ်ကို ဘေးမှ တန်ဖိုးကြီးဝတ်စုံ
ဝတ်ဆင်ထားပြီး ခံစားချက်ကင်းမဲ့သော
မျက်ဝန်းများနှင့် ဂရိနတ်ဘုရားလို့တောင်
တင်စားရလောက်မည့် ပန်းပုထုဆစ်ထား
သကဲ့သို့ပြီးပြည့်စုံသောမျက်နှာကိုပိုင်ဆိုင်ထား
သောလူမှ သွေးအေးစွာထိုင်ကြည့်နေရာက
ထကာ သူ့ကိုယ်ရံတော်ဖြစ်သူ Hoseokဆီသို့
တစ်လှမ်းချင်းလျှောက်လာလေသည်"ဒါ ငါတို့ဆွေးနွေးနေကျပုံစံမှ မဟုတ်တာပဲ
Hoseok"
ထိုလူမှာ စကားတစ်လုံးချင်းဆီကို
သွေးအေးစွာပြောကာ Hoseokအား
ဘေးဖယ်ဖို့အချက်ပြလိုက်လေသည်
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

YOU ARE READING
Mafia's baby
FanficCharacters Jeon jung kook age-25 Mafiaခေါင်းဆောင် Park jimin age-22 Kim Taehyung age-22 jimin's best friend Min Yoongi age-26 Jkညာလက်ရုံး Kim Namjoon age-26 Jkဘယ်လက်ရုံး Jinနှင့်လက်ထပ်ထားသူ Kim Seokjin age-26 စာဖိုမှူး Njနှင့်လက်ထပ်ထားသူ Jung Hoseok...