Mafia's baby(Part-2)

4.8K 304 15
                                    

ဘယ်လက်ရုံးနှင့်ညာလက်ရုံးကိုအရင်
ပြန်လွှတ်လိုက်ပြီး ကိုယ်ရံတော်နှင့်သာ
အိမ်သို့ပြန်လာသည့်လမ်းတွင်
ကားတိုက်မှုကြောင့် အိမ်မရောက်နိုင်သေး
ပဲလမ်းတွင်ကြန့်ကြာနေရလေသည်
မိုးရွာနေသောကြောင့်ကားအပြင်ဘက်တွင်
ယခင်ညများထက်ပိုပြီးမှောင်မိုက်လျက်ရှိ
သည် ကောင်းကင်မှကျရောက်လာသော
မိုးစက်ကလေးများကားအမိုးပေါ်ကျရောက်
၍ တဖျောက်ဖျောက်မြည်နေသံကိုပင်
တိတ်ဆိတ်နေသောကားအတွင်းမှအတိုင်းသားကြားရလေသည် ကားထဲတွင်တော့
Jungkookတစ်ယောက် ကားအပြင်
ထွက်သွားသောHoseokကိုစောင့်ရင်း
အလောင်းကိုသေချာဖျောက်ဖို့ သူ့လူများအား
ဖုန်းမှတစ်ဆင့်ညွှန်ကြားရင်းအလုပ်ရှုပ်နေလေ
သည်
အလုပ်လုပ်လျှင် စည်းစနစ်ကျပြီးသက်သေ
ရှာစရာလုံးဝမရှိပဲ စေ့စပ်သေချာတာမျိုးကို
Jungkookသဘောကျသည် အကယ်၍
ရဲတွေသိခဲ့ရင်လဲ စိုးရိမ်စရာမလိုပါ ဒီနိုင်ငံရဲ့
ရဲဝန်ထမ်း ထက်ဝက်ကျော်လောက်က
သူ့လက်အောက်တွင်ခစားနေကြသူများဖြစ်
ပြီး ကျန်လူများမှာလဲသူ့အားတော်လှန်ပုန်ကန်
ရန် အင်အားမရှိကြသောသူများဖြစ်နေသော
ကြောင့်ပင်ဖြစ်သည်

သူ့အတွေးထဲတွင် နစ်မြောနေရာမှသတိပြန်
ဝင်လာသည့်တိုင်အောင် ကားထဲမှထွက်သွား
သောHoseokတစ်ယောက်ပြန်ဝင်မလာသေး
သောကြောင့် ကားမှန်ကိုအနည်းငယ်ချကာ
အပြင်သို့လှမ်းကြည့်လိုက်သည်

Hoseokနှင့်ကောင်လေးတစ်ယောက် ကားရှေ့
တွင်စကားပြောနေကြသည်ကိုသာသူမြင်
သည် ကြည့်ရတာခုနကကားတိုက်မှုအတွက်
Hoseokရှေ့ကကောင်လေးကတောင်းပန်နေပုံ
ရသည် အကြိမ်ကြိမ်အခါခါ ခေါင်းငုပ်၍
ဦးညွှတ်နေသောကြောင့်ကောင်လေးမျက်နှာ
ကို သူ သေချာမမြင်ရပါ Hoseok
ထိုကောင်လေးလက်ကိုလှမ်းဆွဲလိုက်မှ
ကောင်လေးဦးညွှတ်တာရပ်ပြီး ခေါင်းပြန်မော့
လာလေသည် အပြင်ဘက်တွင်မှောင်နေသော
လဲ ကားရှေ့မီးရောင်ကြောင့် ထိုကောင်လေး
၏ မျက်နှာကိုရှင်းလင်းစွာမြင်လိုက်ရလေ
သည်

မိုးရေစက်များကြောင့်ရေစိုနေသည့်
ပန်းနုရောင်ဆံနွယ်လေးတွေက ဖြူနုနေသော
မျက်နှာပြင်ထက် ကပိုကရိုကျကာ ပါးပြင်
လေး နှစ်ဘက်မှာလဲပန်းနုရောင်လေးရှပ်ပြေး
လျက် ပြင်ဆင်ချယ်သထားခြင်းမရှိပဲ နဂိုနီ
နေသောနှုတ်ခမ်းတွေမှာလဲ မိုးရေ၏အအေး
ဓာတ်ကြောင့်ထင်ပိုမိုကာနီရဲ၍ မိုးရေများဖြင့်
ရွှန်းစိုကာလှပနေလေသည်

Mafia's babyWhere stories live. Discover now