အပိုင်း(1)
God- kit ငါမင်းကိုချစ်တယ်
Kit- ဘာ...မင်း..ဘာစကားပြောလိုက်တာလဲ
God- ငါ...ငါမင်းကိုအရမ်းချစ်တယ် ငါမင်းကိုချစ်ခဲ့တာကြာပါပြီကွာ
ဒါတွေကကျွန်တော့ရင်ထဲကလာတဲ့စကားတွေပါ ကျွန်တော်သူ့ကိုအရမ်းချစ်လို့ သူလိုသမျှ သူခေါ်တဲ့ချိန်သူအနားမှာအမြဲရှိနေပေးခဲ့တယ် အခုလိုဖွင့်ပြောလိုက်တာကလဲ သူကျွန်တော့အချစ်ကိုသိနေလောက်ပီထင်လို့ သူလဲကျွန်တော့ကိုသံယောဇဉ်တွေရှိလာပြီလေ ကျွန်တော့်ကိုလက်ခံမယ်လို့အပြည့်အဝယုံကြည်ထားလို့ ကျွန်တော်အရဲစွန့်ပီးဖွင့်ပြောခဲ့တာ ဒါပေမဲ့သူရဲ့တုံ့ပြန်မှုကတော့
Kit- ငါမင်းကိုမချစ်ဘူးgod.....ငါမင်းကိုသူငယ်ချင်းထက်မပိုဘူး ငါ့ချစ်သူအဖြစ်လက်ခံမှာမဟုတ်ဘူး မင်းငါ့ကိုမျှော်လင့်မနေနဲ့
God- ဘာဖြစ်လို့လဲကွာ ငါ့မှာဘာချွင်းချက်ရှိလို့လဲ ငါမင်းကိုတကယ်ချစ်တာပါ ပြောပါမင်းမကြိုက်တာငါအကုန်ပြင်ပေးပါ့မယ် ငါ့မင်းမရှိရင်မနေတက်လိုက်ပါကွာ
Kit- တော်ပါကွာ မင်းဘာလုပ်လုပ်ငါမင်းကိုမချစ်ဘူး မင်းငါမရှိရင်မနေတက်ဘူးဆိုတဲ့စကားကိုအခြားလူသွားပြော ငါ့လာမပြောနဲ့god ငါယုံမှာမဟုတ်ဘူး တော်ပြီကွာ မင်းနဲ့ငါသူငယ်ချင်းမဟုတ်တော့ဘူး ဒီနေ့ကစပြီး မင်းနဲ့ငါမပတ်သတ်တော့ဘူး မင်းငါနဲ့ဝေးဝေးနေတော့
God-.kit အဲ့လိုမလုပ်ပါနဲ့. ငါတောင်းပန်ပါတယ် ငါမင်းမရှိရင်မနေတက်လို့ပါကွာ ငါတကယ်မနေတက်တာပါ မင်းနဲ့ဝေးရင်သေလိုက်မယ် ငါ့ကိုမထားခဲ့ပါနဲ့ကွာ ...😭😭
ကျွန်တော်ရှက်လဲမရှက်နိုင်တော့ပါဘူးဗျာ သူ့ရှေ့မှာဒူးထောက်ကာငိုပြီးတောင်းပန်နေမိတယ် တကယ်ပါကျွန်တော်သူမရှိရင်သေလိုက်မယ် အခုဆိုသူ့အနားကကျွန်တော့ကိုထွက်သွားခိုင်းနေပြီ ဟင့်အင်း ကျွန်တော်သေရင်တောင်သူ့အနားကထွက်မသွားဘူး