~~~​ရောင့်​ရဲခြင်း~~~

279 26 6
                                    

........​ရောင့်​ရဲ့ခြင်းဆိုတဲ့ စည်းတစ်​ခုအဆုံးသတ်​မှာ ရှိ​နေတာက သူငယ်​ချင်း........

မနက်​အိပ်​ရာနိုးရင်​ ပုံမှန်​​ရေတစ်​ခွက်​​သောက်​မယ်​....

ဒါ ကျွန်​​တော့်​အကျင့်​....

နောက်​ပြီး ပြတင်း​ပေါက်​ကိုဖွင့်​၊ လိုက်​ကာကိုဆွဲချပြီး မနက်​ခင်းတိုင်းရဲ့ အလှဆုံးပန်​ချီကားကို ရှုစားမယ်​.....

နေ​ရောင်​ခြည်​နုနုက ​လေ​​ပြေ​အေးနဲ့အတူ အခန်းတွင်းသို့ ဝင်​​ရောက်​လာချိန်​ ကျ​နော်​က သူ့ရဲ့မျက်​နှာကို ကြည့်​ရှုမယ်​.....

ဒါက ကျ​နော့်​ရဲ့ နိစ္စဒူဝပဲ.....

ဒါပြီးရင်​​တော့ လိုက်​ကာကိုပြန်​ပိတ်မယ်​.....

ကျ​နော့်​ရဲ့တစ်​​နေ့တာ အားအင်​က ပြည့်​ဝသွားပြီပဲ....

လန်းဆန်းသွား​အောင်​ ​နေ​ရောင်​ခံစားဖို့ လိုအပ်​​သေးရဲ့လား....

ရေမိုးချိုးပြီး အဝတ်​အစားလဲ​​နေ​တော့

"သား ချန်း​ရေ....ဆယ်​ဟွန်း​ရောက်​​နေပြီတဲ့"

အိမ်​​အောက်​ထပ်​က ​မေ​မေ့အသံ......

မြန်​​လိုက်​တာ....အင်း​လေ...အိုဆယ်​ဟွန်းပဲ...အရာရာကို အချိန်​ဆွဲပြီးလုပ်​တတ်​တဲ့ ကျ​နော်​နဲ့မှ မတူပဲ.....

"ဟုတ်​​ ​မေ​မေ"

မနက်​စာစားရန်​ ​အောက်​ထပ်​ကိုဆင်းလာ​တော့ သူက စားပွဲမှာ​တောင်​ ထိုင်​​နေပြီ....

ကျ​နော်​လဲ သူနဲ့မျက်​နှာချင်းဆိုင်​ စားပွဲရဲ့တစ်​ဖက်​မှာ ဝင်​ထိုင်​လိုက်​ပြီး....

"မင်း​နေ့တိုင်း ငါ့အိမ်​မှာ မနက်​စာလာစားရတာ အားမနာဘူးလား"

ကျ​နော့်​ရဲ့အ​မေးကို သူက​တော့ အဖက်​​တောင်​မလုပ်​....

အဲ့ဒီအစား ကျ​နော့်​​ခေါင်း​ပေါ်​ရောက်​လာသည့်​ ​အိုမားရဲ့ လက်​တစ်​ဖက်​...

"စကားမများနဲ့ စားစရာရှိတာစား..."

သူက​တော့ အဖတ်​​တောင်​မလုပ်​....ကျစ်​..အဲ့ဒါ​တွေ မကြိုက်​တာ အိုဆယ်​ဟွန်း၊ ငါ့ကို အ​ရေးမစိုက်​တဲ့ ဒီဇိုင်းနဲ့.....

FRIENDZONEWhere stories live. Discover now