~~~မင်းတစ်​​ယောက်​တည်းကိုပဲ ကြည့်​​နေခဲ့တာမလို့~~~

159 15 4
                                    

အား...ပင်​ပန်းလိုက်​တာ၊ သီချင်း​တွေကိုချစ်​လို့၊ သံစဉ်​​တွေကိုမြတ်​နိုးလို့ ဒီအလုပ်​ကိုလုပ်​ခဲ့​ပေမယ့်​ တစ်​ခါတစ်​​လေ အရမ်းပင်​ပန်းရတယ်​။ ကိုယ်ကြိုက်​လို့​ရွေးချယ်​ခဲ့တဲ့ အလုပ်​တစ်​ခုဖြစ်​​နေ၍သာ။

ဘေးနားကဖုန်းကို​ကောက်​ယူပြီး Gallery ထဲဝင်​လိုက်​​တော့ ​မျက်​နှာပြင်​ထက်​ အရိပ်​ထင်​လာတဲ့ နှလုံးသား​လေး။ သွားစွယ်​​လေး​တွေ​ပေါ်​အောင်​ထိ ရယ်​​နေပုံ၊ ကိုယ့်​ကို​နောက်​​ကျော​ပေးထားလို့ တခြားဘက်​ကို ​ငေး​နေပုံ၊ ​ဝင်​​တော့မယ်​​နေလုံးကြီးကို ကြည့်​​နေတဲ့ ​ဘေးတစ်​​စောင်းပုံ​လေး​တွေ၊ ဆံပင်​ကိုလက်​နဲ့သပ်​တင်​​နေတဲ့ ​တစ်​​စောင်းပုံ​လေး​တွေ၊ ​ရှေ့တည့်​တည့်​က​နေပြီး ဖုန်းထိုင်​သုံး​နေပုံ၊ တစ်​ခုခုအလိုမကျ​လေတိုင်း လုပ်​တတ်​သည့်​ မျက်​​မှောင်နှစ်ဖက်​ကို တွန့်​ချိုးထားပုံ၊ ကိုယ့်​ဖုန်းထဲမှာ​တော့ ဘယ်​အချိန်​ကြည့်​ကြည့်​ မင်းဓာတ်​ပုံ​တွေကလွဲပီး မရှိခဲ့ဘူး။

နာရီကိုကြည့်​မိ​တော့ ည​နေသုံးနာရီ​တောင်​ ထိုး​တော့မယ်​။ ဒီ​နေ့ သူနဲ့ချိန်းထားသည်​ပဲ။ ခပ်​မြန်​မြန်​ထ ခုံ​ပေါ်ကအကျီကိုဆွဲယူလိုက်​ပြီး နှလုံးသားရှိရာဆီ။

အဖြူ​ရောင်​ရှပ်​အကျီကို တံ​တောင်​ဆစ်​နားထိ ​ခေါက်​တင်​ထားပြီး၊ အနက်​​ရောင်​စတိုင်လ်​ပန်​နဲ့သူက ဆံပင်​​တွေကိုလဲ သပ်​ရပ်​စွာလှန်​တင်​​ထား​လေသည်​။ အ​ဝေးကကြည့်​တာ​တောင်​မှ ထင်း​နေသည့်​အရပ်​အ​မောင်းနှင့်​သူက မိန်းက​လေးတစ်​​ယောက်​မဟုတ်​သလို၊ နူးညံ့ညင်​သာလွန်းသူလည်းမဟုတ်​။ မျိုးတူ​ယောကျာ်းတစ်​​ယောက်​​ပေမဲ့ တခြား​ယောကျာ်း​လေး​တွေနဲ့မတူ ကိုယ့်​အတွက်​​တော့ တစ်​မူထူးခြား​နေ​ပေသည်​။ သပ်​သပ်​မဲ့ထူးခြား​နေသည်​မျိုးမဟုတ်​ပဲ သူဆိုတဲ့ဖြစ်​တည်​မှုကပဲ ကျွန်​​တော့်​ကိုထူးခြား​စေခဲ့တာ။ ထူးခြားတဲ့ချစ်​ခြင်းမျိုးနဲ့ ထူးခြားစွာပဲကျွန်​​တော်​သူ့ကိုချစ်​သည်​။

ဘယ်​​တော့မှထုတ်​​ဖော်​မပြမဲ့ ချစ်​ခြင်းမျိုးနဲ့......

FRIENDZONEWhere stories live. Discover now