~~~ဖွင့်​ဟမပြခဲ့​သော~~~

166 18 8
                                    

အိမ်​ပြန်​​ရောက်​​တော့ လက်​ဆွဲအိတ်​ကို ထိုင်​ခုံ​ပေါ်တင်​လိုက်​ရင်း ကုတင်​​ပေါ်ကိုလှဲချကာ ​ညောင်းညာ​နေသည်​ကိုယ်​အား အနား​ပေးမိလိုက်​​လေသည်​။ခဏကြာ လှဲ​နေရာမှထကာ ​​တစ်​​နေကုန်​ နွမ်းနယ်​​နေသည်​အား ​ပြေ​ပျောက်​​စေရန်​ အလို့ငှါ ​ရေ​နွေး​နွေးနှင့်​ စိမ်​မိ​လေ​တော့သည်​။

ရေ​နွေးထဲမှာ စိမ်​​နေရသည်​ခံစားချက်​ကို ကျွန်​​တော်​သ​ဘောကျ​သည်​။ မျက်​နှာကို တစ်​ဝက်​ထိပဲ​ဖော်​ထားရင်း တစ်​ကိုယ်​လုံး​ရေထဲနှစ်​ထားသည်းခံစားချက်​က တိမ်​​တွေ​ပေါ်မှာ ကူးခတ်​​နေသည့်​အလား ခံစားလို့​ကောင်းလှ​ပေသည်​။တစ်​စုံတစ်​​ယောက်​​ကြောင့်​လည်း ပါမှာ​ပေါ့​လေ။ ​လေရှူ ရှိုက်​ရရုံသာ ​ဖော်​ထား​သော မျက်​နှာပြင်​တွင်​ မျက်​ဝန်းများက ​မှေးမှိတ်​ထားဆဲ။ နှုတ်​ခမ်း​လေး​တွေက​တော့ ​ပြုံး​ယောင်​သန်း​နေခဲ့သည်​။ ​သေချာပါသည်​ သူ့အ​ကြောင်း စဉ်းစား​နေသည်​ ဆိုသည်​မှာ.....

ရေ​ချိုးပြီးထွက်​လာ​တော့လည်း ​ရေ​ငွေ့ရိပ်​ထင်​​နေတဲ့ မှန်​ပြင်​​ပေါ်မှာ ​ရေးမိသည်​က သူ့နာမည်​၊ ပြီး​တော့ သွားစွယ်​ဖြူ ဖြူ ​လေး​တွေထိ ​ပေါ်သွား​သည်​ထိ ရယ်​လိုက်​တဲ့ မျက်​နှာ​လေး....

တစ်​စုံတစ်​​ယောက်​က​တော့ မသိ​ပေမဲ့ သူ့အ​တွေး​တွေထဲမှာ အမြဲရှိခဲ့သည်​....

သူနဲ့ပတ်​သတ်​ရင်​ ဖွင့်​မ​ပြောမိ​ပေမဲ့ ရင်​ထဲမှာ​တော့ ​နေရာယူထားသည်​....

သူနဲ့ စည်းတစ်​ခုခြား​နေ​ပေမဲ့ အဲ့ဒီစည်းရဲ့အစွန်​မှာ အမြဲရှိ​နေခဲ့တယ်​....

မင်းမသိခဲ့တဲ့ ချစ်​ခြင်း​တွေများစွာရယ်​ပါ......

ညစာမစားတတ်​တာက ကျွန်​​တော့်​အကျင့်​၊ ဒါနဲ့ပဲ ​ကော်​ဖီတစ်​ခွက်​နဲ့ အိမ်​​​ပေါ်ထပ်​ ဝရန်​တာမှာထိုင်​​နေရင်း ည​လေ​အေး​ကိုခံစားကြည့်​တယ်​၊ ရယ်​​တော့ရယ်​ရသား....သူနဲ့ကျွန်​​တော်​ မတူညီတာ​တွေသိပ်​များတာပဲ....

သူက ခါးတဲ့အရသာ​တွေကိုမုန်းတယ်​၊ ဥပမာ ​ကော်​ဖီ​ပေါ့၊ ကျွန်​​တော်​နဲ့ ဆန့်​ကျင်​ဘက်​၊ သူက ညဘက်​ ​လေညှင်းခံရတာကို မကြိုက်​ဘူး၊ ကျွန်​​တော်​ အကြိုက်​ဆုံးအရာ​တွေထဲက တစ်​ခု၊ သူက သီချင်း​တွေကို ချစ်​တယ်​၊ မြတ်​နိုးတယ်​၊ သို့​ပေမဲ့ ပန်​ချီကိုသ​ဘောမကျဘူး၊ ကျွန်​​တော့်​ရဲ့ မြတ်​နိုးရာ၊ယုတ်​စွအဆုံး အ​ရောင်​​တောင်​မှ သူကအမဲ​ရောင်​ကိုကြိုက်​သည်​တဲ့၊ အဖြူ​ ​ရောင်​ရဲ့ ခြားနားခြင်း....

FRIENDZONEWhere stories live. Discover now