Part-10

17 2 0
                                    

Love Wonderland ❤

"ဘုန်း.."

"ဘာလို့​ကြောင်​ကြည့်​​နေတာလဲ...ကိုယ့်​ကိုမမိတ်​ဆက်​​ပေး​တော့ဘူးလား..."

"ဟမ်​...ဟုတ်​ဟုတ်​...သူကဖြိုးရဲ့သူငယ်​ချင်း လွန်းဆက်​ကို...လွန်းဆက်​ သူက.."

ဖြိုးက ဘုန်းကိုလက်​ညိုးထိုးပီးဆက်​​ပြောမလို့ မထွက်​တာ​ကြောင့်​ ဘုန်းက​နေ..

"ကျ​တော်​ကသူနဲ့​စေ့စပ်​မယ့်​သူပါ...ဘုန်းမင်း​ရောင်​လို့​ခေါ်ပါတယ်​..😊😊"

လွန်းဆက်​လည်းပြန်ပြုံးပြလိုက်​​ပေမယ့်​ အဲ့အပြုံးက ဘုန်းကိုမကြိုက်​တဲ့မဲ့ပြုံးမ်ျိုး...

"​စေ့စပ်​​တော့မယ်​ဆို​တော့...ဘယ်​​တော့လဲ😏😏"

"မကြာခင်​​ပေါ့ ...."

"Hak...စင်းစားမ​နေနက်​ သူကမင်းနဲ့​စေ့စပ်​မယ့်​သူမဟုတ်​ဘူး..."

ဖြိုးမျက်​လုံး​လေး​တွေအသာ​လေးဝိုင်းစက်​သွားသည်​။

ဘုန်းဘက်​ကတင်းသွားကာ...
"မင်းဘာ​ပြောတယ်​?"
ချက်​ချင်းဘဲ ဘုန်း လွန်းဆက်​ရဲ့အကျီ​ကော်​လံကိုကိုင်​ကာဆွဲထိုးမယ်​အလုပ်​...

"ကိုဘုန်း...ဒါဘာလုပ်​တာလဲ မိန်းက​လေးတ​ယောက်​ကိုအဲ့လိုမလုပ်​သင့်​ဘူး​လေ..."

"Hak...မိန်းက​လေး...ဘယ်​သူကမိန်းက​လေးလဲ?"

ဖြိုး လွန်းဆက်​ကိုအခုထိမိန်းက​လေးလို့ဘဲထင်​​နေ​လေရဲ့။

"လာပါ..သွားရ​အောင်​.​နော်​ လွန်းဆက်​ငါပြန်​ပြီ..."
ဟုဆိုကာ... ဘုန်းရဲ့လက်​က​လေးကိုအတင်းဆွဲကာဆိုင်​ထဲက​နေထွက်​လာခဲ့တယ်​။

ကားပါကင်​နား​ရောက်​လာ​တော့..
ဖြိုး ဘုန်းရဲ့လက်​ကိုလွှတ်​လိုက်​ပြီး..

"ဖြိုးပြန်​​တော့မယ်​..ဘုန်း.."

"ခန​နေဦး..ကို​မေးစရာရှိတယ်​..."

ဖြိုး ဘုန်းဘက်​ကိုလှည့်​လိုက်​သည်​။

"ခုနကလွန်းဆက်​ဆိုတဲ့သူ..သူ့ကိုဘာလို့မိန်းက​လေးလို့​ပြောရတာလဲ..."

Love Wonderland's IntroWhere stories live. Discover now