အိပ်စက်ခြင်းက ကျွန်တော့်ရဲ့ချစ်သူဆို.... အိပ်ရာကြီးက ကျွန်တော့်ရဲ့ crush.......အရောင်မပါတဲ့အဖြူထည်သက်သက်ချစ်ခြင်းတွေနဲ့တစ်သက်လုံးချစ်သွားမှာမလို့ ကိုယ့်ကိုယုံကြည်မယ်မလား အိပ်ရာကြီး
"သတို့သား မင်ယွန်းဂီသည် သတို့သမီး အိပ်ရာလေး အား အိုနာသေကျိုးကန်းသည်အထိ မယားမှတ်မှတ်သားမှတ်မှတ် ပေါင်းသင်းယူမည်ဟု ကတိသစ္စာပြုပါသလား "
" yes i do"
"အိပ်ရာ၏ သားသမီးများဖြစ်ကြသော ခေါင်းအုံး ဖက်လုံးနှင့် စောင်တို့အား သားသမီးရင်းများသကဲ့သို့ နွေးထွေးကြင်နာစွာဆက်ဆံပေးနိုင်မလား"
"အကောင်းဆုံးဆက်ဆံပါမည်"
"မင်္ဂလာဇနီးမောင်နှံတို့ အကြင်နာပေးနိုင်ပါပြီ"
အိမ်မက်ကမ္ဘာမှာသာယာကြည်နူးနေကြောင်းကို ခေါင်းအုံးကြီးဖက်ပြီး ပြုံးပြုံးကြီးအိပ်နေတဲ့ မင်ယွန်းဂီရဲ့မျက်နှာကြီးက သက်သေပြနေတယ်
ထိုအချိန်တွင်
ဗွမ်း
"သောက်ဂွ ဘယ်အကောင်ငါ့ကိုရေနဲ့ပက်"
"အော်.... ကိုယ့်ရဲ့ကြောင်ပေါက်လေးအသက်ရှိသေးတာပဲနော် ကိုယ်ကသေသွားပြီတောင်ထင်လို့သက်ပျောက်ဆွမ်းတောင်ကပ်တော့မလို့"
"သောက်ဂွပဲဟေ့ သေ.ာက် ..."
"ဟဲ့ အကောင်စုတ် နိုးလာပြီလား ဘယ်နှယ့် ယောက်ျားဖြစ်သူက အလုပ်သွားတော့မယ် နှိုးလို့ကိုမရဘူး နင်လင်ယူပြီးသားဆိုတာလဲသတိထားဦးနော် ဘာသောက်လုပ်မှလဲမလုပ်ဘူးဆိုရင် ရှာကျွေးနေတဲ့လင်ကို မနက်စာလေးဘာလေးတော့ထလုပ်ပေးရမှာပေါ့ "
ရေပုံးကြီးကိုင်ပြီးပွားနေတဲ့မာမီနဲ့ ယုန်သွားကြီးပေါ်အောင်ရီနေတဲ့ မာမီဘေးကသကောင့်သားနဲ့ ကျွန်တော်ရဲ့မနက်ခင်းကြီးကိုအစပြုခဲ့ပါတယ်
YOU ARE READING
WILL YOU MARRY ME?❣️
FanfictionI want you to be mine I like you I love you I LOVE YOU MINYOONGI!!! Will you marry me?