Will you marry me//6

681 49 8
                                    

"သတို့သား ကြွ​ရောက်​​နိုင်​ပါပြီ"
လက်​​လေးနှစ်​ဖက်​ကိုမျက်​နှာထိဆွဲမထားပြီးသတိထား​လျောက်​လာတဲ့မင်​ယွန်းဂီ။ မင်္ဂလာပွဲအတွက်​ပြင်​ဆင်​ကထဲကမ​တွေ့ရ​သေး​တော့ ဘယ်​လို​နေလဲမသိ ။ စိမ်းမြမြ​ရောင်​ဆံပင်​ခပ်​ဝဲဝဲ​လေးကို ဂျယ်​နဲ့အ​ပြောင်​သိမ်းထားတာပဲ။ အင်း​ပေါ့​လေဒါမှလဲ အ​ပေါ်က accessories ​တွေတင်​လို့ရမှာ။ ​ခေါင်းအ​ပေါ်ဘက်​က လှုပ်​တုပ်​လှုပ်​တုပ်​နဲ့ bride headpiece ကြီးနဲ့ ဘေးနားကထွက်​​နေတဲ့ဆံထုံးအတုကြီးမှာထိုးတားတဲ့ hair stickကလွဲလို့ကျန်​တာဘာမှမမြင်​ရပါ။

ဘေးနားက​အထိန်းနှစ်​​ယောက်​​နေရာချ​ပေးပြီး​တော့မှာ မျက်​လွှာ​လေးလှန်​ကြည့်​တဲ့ယွန်းဂီ။ မျက်​လုံး​လေး​တွေ​တောင်​ဒီ​လောက်​လှ​နေတာ တစ်​မျက်​နှာလုံးဆိုပိုလှမှာပဲ။ သူသာမိန်းမဖြစ်​ခဲ့ရင်​ကြိုက်​မိမှာအမှန်​ပင်​။

ရိုးရာထုံးတမ်း​တွေပြီးဆုံးသွား​တော့  hanbokပန်း​ရောင်​နဲ့မာမီတို့စုံတွဲ။ မာမီဆိုမျက်​ရည်​​တွေ​တောင်​ကျလို့။ ​ကြောင်​​ပေါက်​ရဲ့မိဘ​တွေက​တော့မလာနိုင်​ဘူးတဲ့အ​ကြောင်းကြားတယ်​။ မင်္ဂလာပွဲ​တွေပြီးမှပဲလာခဲ့​တော့မယ်​တဲ့​လေ။

ဧည့်​သည်​​တွေပြန်​သွားလို့ကုန်​လုဆဲဆဲ

ခေါင်း​ပေါ်ကဟာကြီးဖြုတ်​ဖို့ လုပ်​​နေတဲ့​ကြောင်​​ပေါက်​ကိုမာမီက​တောင်​ကူ​ပေး​နေလိုက်​​သေး။

"ဟန်​နီ!!! အဲ့တာဟန်​နီဖြုတ်​​ပေးလို့မရဘူး" အားကြီးနဲ့​အော်​ပြီးဝင်​လာတဲ့ကျွန်​​တော်​ဒယ်​ဒီ။ တစ်​​ဆိတ်​​လောက်​ ဟို​ဆော့နဲ့အ​မျိုး​တော်​လားဟင်

မာမီက မျက်​လုံး​လေး​ပေလက်​​ပေကလပ်​နဲ့ "ဘာလို့လဲ ​ယော​ပေါရဲ့"ကင်​မ်​ချီစကားကို ​ပေါင်​မုန့်​သံနဲ့​ပြောလိုက်​​လေတယ်​။

"ဟို​လေကွာ သတို့သမီးကို သတို့သားက မဟုတ်​ပါဘူး သတို့သားကို သတို့သားက အဲ့လိုလဲမဟုတ်​​သေးပါဘူး။ ​ဘောတွန်​ကို​တော့ပ်​က ...."

"ဒယ်​ဒီ!"

"​ဒီလိုပဲရှင်းပြ​တော့မယ်​ကွာ။ ရိုးရာအရတစ်​​ယောက်​နဲ့တစ်​​ယောက်​ မင်္ဂလာခန်းထဲမှာမှဖြုတ်​​ပေးရတာ ကိုယ်​ဘာသာကိုလဲဖြုတ်​ခွင့်​မရှိဘူး။ မဆိုင်​တဲ့သူကလဲဝင်​ဖြုတ်​​ပေးလို့မရဘူး"စကားကိုအရှည်​ကြီးရှင်းပြရလို့​ဘေးနားက​ရေဘူးကိုတဂွတ်​ဂွတ်​နဲ့​မော့​သောက်​​လေရဲ့။

WILL YOU MARRY ME?❣️Where stories live. Discover now