ထိုစဉ်.........
"ရွှီ......"
အသံနှင့်အတူ သူမတို့နှစ်ယောက်ရဲ့ ရှေ့တည့်တည့်တွင် ထိုးရပ်လာလေသော Mercedesကားအနက်ရောင်ကြီးတစ်စီး.......
ထို့နောက်.......
ဖြေးညှင်းစွာပွင့်သွားလေသော ကားတံခါးနှင့်.....
တည်ငြိမ်စွာဆင်းလာသော လူတစ်ယောက်............"ရှ-ရှင်က ဘယ်သူလဲ...?"
ကားပေါ်ကဆင်းလာသောအမျိုးသမီးကို ကြည့်ရင်း Nayeonမေးလိုက်သည်...
သူမစကားကို ပြန်မဖြေသေးဘဲ ဘောင်းဘီအိတ်ထဲ လက်ထည့်ရင်း သူမတို့ရဲ့အရှေ့တည့်တည့်ကို လျှောက်လာသည်...
အရပ်က သာမန်ယောင်္ကျားလေးတွေထက်ပင် ခေါင်းတစ်လုံးစာခန့်ပိုမြင့်သည်...မီးခိုးဖျော့ရောင် အနောက်တိုင်းဝတ်စုံက ခပ်တောင့်တောင့်
သူ့ခန္ဓာကိုယ်ပေါ်တွင် ခန့်ညားနေသည်...ဆံနွယ်အညိုဖျော့ဖျော့တို့က ကျောလယ်လောက်ထိ ၀ဲကျနေပြီး နဖူးပြင်ပေါ်က ဆံစတချို့က သူ့ကို ပိုမိုကြည့်ကောင်းစေသည်...
မျက်ဝန်းတွေက အရောင်တဖျပ်ဖျပ်လက်နေကာ စူးရဲလွန်းသည်...ခပ်တင်းတင်းစေ့ကပ်ထားသော နှုတ်ခမ်းတွေက သာမန်လူမဟုတ်ကြောင်းကို ဖော်ပြနေသည်...
လူဟုပင်ဆိုလို့မရအောင် ချောမောလွန်းသော ထိုအမျိုးသမီးကို သူမတို့နှစ်ယောက် ငေးကြည့်နေမိကြသည်....
သူမရဲ့အရှေ့တည့်တည့်တွင် လာရပ်ရင်း ပြုံးသည်...
သူပြုံးလိုက်သောအခါ လေးကိုင်းသဏ္ဍာန် နှုတ်ခမ်းလွှာတွေ ကွေးညွတ်သွားပြီး
မျက်ခုံးထူထူအောက်က မျက်ဝန်းဝိုင်းဝိုင်းလေးတွေ
ဆတ်ခနဲပိတ်ကျသွားသည်....ကျောက်ရုပ်လိုအေးစက်နေသောမျက်နှာက အပြုံးပန်းတွေဟာ အလွန်တရာ ချိုမြိန်ကြောင်းကို
သူမတို့သိခွင့်ရလိုက်သည်..."ကိုယ့်နာမည်Chou Tzuyu..!မင်းနဲ့လက်ထပ်ရမဲ့သူပဲ..!"
ခပ်ချိုချိုနဲ့ဆွဲဆောင်မှုရှိလှသောလေသံက လေထုကိုဖြတ်၍ သူမနားဝသို့ဝင်ရောက်လာသည်...
VOUS LISEZ
Say it!How did you love me?[Natzu]
Roman d'amourမုန်းတယ်....ရှင့်ကိုသိပ်မုန်းတယ်လူကြီးရဲ့.... ကျွန်မဘ၀ကို လှုပ်မရအောင် ချုပ်ကိုင်ထားတဲ့ရှင့်ကိုသိပ်မုန်းတယ်.... လူကိုအမြဲတမ်း စနောက်စရာလို့မြင်နေတဲ့ရှင့်ကို သိပ်အမြင်ကပ်တယ် သိလား..... ...