20.

229 19 0
                                    

၂ထပ်​တိုက်​အိမ်​ကြီးရဲ့  အောက်​ထပ်​က ဧည့်​ခန်း ကျယ်​ကြီးထဲမှာ Wilson မိသားစုရဲ့  ခေတ်​အဆက်​ဆက်​က မိသားစုဓာတ်​ပုံတွေ ချိတ်​ထားတယ်​.

၁၈၀၀ ခုနှစ်​လောက်​ကစလို့  မိဘတွေနဲ့  ကလေးတွေအတူရိုက်​ထားတဲ့ အဖြူအမည်းဓာတ်​ပုံကြီးတွေကို ဧည့်​ခန်းရဲ့  နို့နှစ်​ရောင်​နံရံပေါ်မှာ စီကာစဉ်​ကာ ချိတ်​ထားတာ အခု ကျနော်​တို့ မိသားစုပုံလေးလည်း ပါလာခဲ့ပြီလေ.

Kris ရယ်​ ကျနော်​ရယ်​ ... ပြီးတော့ ကျနော့်​ လက်​ထဲမှာ ပွေ့ ထားတဲ့ လသားအရွယ်​ သမီးလေး Anna ရယ်​ပေါ့. အဲ့တုန်းက သူက ၅လပဲ ရှိသေးတယ်​လေ. Kris ကတော့ ကျနော့်​ပုခုံးပေါ်လက်​တဖက်​တင်​ရင်း ကျန်​တဖက်​က သမီးလေးရဲ့  လက်​သေးသေးလေးကို ဖွဖွလေးကိုင်​ထားတယ်​. အဲ့တုန်းက ကျနော်​တို့  ဝမ်းသာလုံးဆို့ နေလို့  Camera ကိုကြည့်​ဖို့ မေ့နေခဲ့တယ်​လေ. ဓာတ်​ပုံထဲမှာ နှစ်​ယောက်​စလုံးက ကျနော့်​လက်​ထဲမှာ အိပ်​ပျော်​နေတဲ့ သမီးလေးကိုပဲ ငုံ့ ကြည့်​ရင်း ပြုံးနေခဲ့တာ.

ကျနော်​တို့ လက်​ထပ်​ပြီး ၂နှစ်​ ကျော်​တဲ့အချိန်​မှာ November လ 22 ရက်​မှာ ကျနော်​တို့ ရဲ့  သမီးဦးလေးကို မွေးဖွားခဲ့ပါတယ်​. Kris အရမ်းလိုချင်​တဲ့ ကျနော်​နဲ့ တူတဲ့ သမီးလေးပေါ့.. ကျနော်​တို့ ၂ယောက်​ တိုင်​ပင်​ပြီး အငှားကိုယ်​ဝန်​ဆောင်​အမျိုးသမီးတယောက်​ရဲ့ အကူအညီနဲ့  Anna လေးကိုမွေးခဲ့တယ်​. ကျနော့်​သွေးသားတွေနဲ့ လူဖြစ်​လာတဲ့သမီးဟာ အာရှသွေးတဝက်​တော့ ပါတယ်​.

နီရဲနေတဲ့ ပါးဖောင်းဖောင်းလေးတွေ, ဆံပင်​ရွှေဝါရောင်​ကောက်​ကောက်​လေးတွေနဲ့  မျက်​လုံးပြာပြာလေးရှိတဲ့ Anna ဟာ ရယ်​လိုက်​တိုင်း ခွက်​ဝင်​သွားတတ်​တဲ့ ပါးချိုမ့်​လေး ၂ဖက်​နဲ့  ကျနော့်​လို မျက်​နှာအချိုးအစားရှိတယ်​. မျက်​တောင်​ ထူထူကော့ကော့လေးတွေနဲ့  မျက်​လုံးဝိုင်းလေးတွေရှိတဲ့ သူမဟာ ကျနော်​တို့  ၂ယောက်​ရဲ့  အသည်းကျော်​လေးပေါ့.

" အချစ်​ရေ. ကိုယ်​ Anna ကိုကျောင်းသွားကြိုလိုက်​ဦးမယ်​. ဘာမှာဦးမလဲ "

 နွေဦးရောက်တဲ့အခါ... [ နွေဦးရောက်တဲ့အခါ...]Where stories live. Discover now