16.

341 24 1
                                    

" Kris ရယ်​ ငါတို့  လေယာဉ်​ခဏပဲ စီးမှာကို သယ်​စရာ အများကြီးမလိုပါဘူး "

ဘီဒိုထဲက ရှိသမျှ အနွေးထည်​တွေ ဆွဲထုတ်​ပြီး ကြမ်းပြင်​ပေါ် ဖွင့်​လျှက်​ချထားတဲ့ ခရီးဆောင်​ သေတ္တာထဲ သိမ်းကျုံးထည့်​နေတဲ့ Kris ကိုကြည့်​ပြီး ကျနော်​ပြောမိတယ်​.

" ဖြစ်​မလားကွ ဆရာဝန်​က မင်းကို အအေးမခံဖို့ သေချာမှာထားတယ်​လေ. လေယာဉ်​စီးတာက အစ ဂရုစိုက်​ရမှာပဲ မင်းက ကိုယ့်​ကိုကိုယ်​စိတ်​မပူတော့ ငါပဲ လိုက်​ပူပေးနေရတာပေါ့ "

နှုတ်​ခမ်းတထော်​ထော်​နဲ့  ပြောရင်း အထုတ်​တွေပြင်​နေတဲ့ သူ့ ကို ကြည့်​ရတာ ကလေးကို ကျောင်းလိုက်​ပို့ တော့မယ့်​ အမေကြီးလိုပဲ. ကျနော်​လည်း သူစိတ်​တိုင်းကျ လုပ်​ပါစေဆိုပြီး ကုတင်​ပေါ်တင်​ပါးလွှဲထိုင်​ရင်းသာ ကြည့်​နေလိုက်​တယ်​.

ကျနော်​ သက်​သာသွားတော့ ဆေးရုံက ဆင်းပြီး ကျနော်​တို့ ရဲ့ တိုက်​ခန်းလေးမှာ ရက်​ပိုင်းလောက်​နေရင်း ရှေ့ ဆက်​အတူတူဖြတ်​သန်းရမယ့်​ ကိစ္စတွေအတွက်​ ပြင်​ဆင်​ဖြစ်​တယ်​. ချက်​ချင်းကြီး ခွဲစိတ်​ဖို့ ကျတော့ ကျနော်​ စိတ်​အဆင်​သင့်​ မဖြစ်​သေးတာရယ်​ အမေတို့ ကို ဘာမှအကြောင်းမကြားပဲ အိမ်​ကထွက်​လာတာကြာနေရင်​ စိတ်​ပူမှာ စိုးတာရယ်​ကြောင့်​ Copenhagen ကို အရင်​ပြန်​ဖို့ လုပ်​နေကြတာလေ.

အမေတို့ က ကျနော်​ အလုပ်​နဲ့  ခရီးသွားတယ်​လို့ ပဲ သိထားတာ. ပြီးတော့ Kris ကလည်း အမေနဲ့ အဖေ့ကို သေချာလိုက်​တွေ့ ပြီးတော့ သူ့ ကို ကျနော့်​ချစ်​သူအဖြစ်​ အသိအမှတ်​ပြုပေးဖို့  တောင်းဆိုမယ်​တဲ့. မလွယ်​မှန်းသိပေမယ့်​ မကြိုးစားပဲ နေလို့ တော့ မရဘူး မလား. ကျနော်​တို့  ၆နှစ်​တောင်​ ခွဲခဲ့ရတာပဲ. ဒီ့ထက်​ပိုပြီး အချိန်​မဆွဲသင့်​တော့ဘူးထင်​တယ်​.

" ကဲ အဝတ်​အစားတွေ လုံလောက်​အောင်​ ထည့်​ပြီးပြီ သောက်​ရမယ့်​ ဆေးတွေလည်း အကုန်​ပါပြီ လူပဲကျန်​တော့တယ်​ "

" OK ငါ့ကောင်​လေး ပင်​ပန်းသွားပြီ လာပါဦး "

သူကကျနော်​ထိုင်​နေတဲ့အနားကို လျှောက်​လာပြီး ကြမ်းပြင်​ပေါ် ထိုင်​ချလိုက်​တော့ ကျနော်​က ဝတ်​ထားတဲ့ Hoodie အနွေးထည်​အင်္ကျီရဲ့ လက်​နဲ့  သူ့ နဖူးက ချွေးတွေကို သုတ်​ပေးလိုက်​တယ်​.

 နွေဦးရောက်တဲ့အခါ... [ နွေဦးရောက်တဲ့အခါ...]Opowieści tętniące życiem. Odkryj je teraz