အပိုင်း ၂၁

716 92 10
                                    

" တောင်း..တောင်းပန်ပါတယ် အားဟွမ်.."


အားဟွမ်ချက်ချင်းပင်မထနိုင် ကျသည်က ကျောပြင်နှင့်မို့


အတင်းအားယူကာထထိုင်ရသည်။ သို့သော် သူမကြည့်ရတာစိတ်ခုပုံမပေါ်။ မျက်နှာမှာအပြုံးစလေးကတွဲလွဲခိုလို့..။


" ရပါတယ် အစ်ကိုရှီးချန်..ကြည့်ရတာ ကူစူးလန်ရဲ့ နဖူးစည်းက တစ်ခုခု ထင်တယ်"


"အာ..အဲ့..အဲ့ဒါက.."


" ဟို...ဇယ်ဝူကျွင်း အားဟွမ် ရေနည်းနည်းသွားခပ်ဦးမယ် ပြီးရင် ခရီးစကြတာပေါ့..."


ဝါးဆစ်ပိတ်ရေဘူးကို ပိုက်လျက်ပြေးထွက်သွားသည့် ကလေးမကိုရှီးချန်မတားလိုက်နိုင်။လန်ရှီးချန် ဘဝမှာ ဘယ်မိန်းကလေးနဲ့မှ မပတ်သက်ဖူးသော်ငြား။ အားဟွမ်စိတ်ထိခိုက်သွားသည် ကိုတော့ဖြင့် ရှီးချန်ကောင်းကောင်းသိသည်။


သူ့လက်ကိုသူပြန်ကြည့်မိသည်။


သေချာပေါက် အားထည့်တွန်းလိုက်မိခြင်း...


သူ့လက်အားသူကောင်းကောင်းသိသည်...။ဒါပေမဲ့... အားဟွမ်.. သူဘာလို့ဘာမှမဖြစ်သလို ပြုံးနိုင်ရတာလဲ..။........................................................................


ဝါးကျည်တောက်ဘူးလေးက ရေပြင်ကိုရိုက်ခတ်လာသည်။


အားဟွမ် ခပ်သွက်သွက်ပင် ရေဖြည့်ကာ မတ်တပ်အရပ်၌ပုခုံးဆီမှ ခပ်စူးစူးခံစားချက်ကြောင့် အံတစ်ချက်ကြိတ်လိုက်မိသည်။


ကျောပြင်မှ ဝေဒနာကလည်းပိုဆိုးလာသယောင်ရှိသည်။


သမားတော်လန် ပေးလိုက်သည့် ဆေးကို အချိန်မှန်လဲဖို့ဝေးစွ။ဘာဆေးမှမထည့်သည်ပင် ကြာလှပြီ။


အနာကောင်းကောင်းမကျက်သေးသည့်အနေအထားမှာခုနက လဲကျသည့်အရှိန်က ဒဏ်ရာတို့ကိုပြန်ပွင့်သွားစေသည်ထင်ရသည်။

Retrieving The Lost SmileWhere stories live. Discover now