ဇာတ်သိမ်းပိုင်း

760 83 2
                                    

သူတို့၏ တက္ကသိုလ်ဝင်တန်း စာလွှာများ ကျလာသောအခါ ဝမ်ရှင်း စုဝမ်အား စိတ်လှုပ်ရှားစွာနှင့် ဖုန်းခေါ်တော့လေသည်။ သူမက X တက္ကသိုလ်သို့ ဝင်ခွင့်ရပြီး လိချန်းရန်လည်း Xတက္ကသိုလ်သို့ ဝင်ခွင့်ရကာ စုဝမ်မှာတော့..... X တက္ကသိုလ်သို့ပင် ဝင်ခွင့်ကျလာလေသည်။

သူတို့ မတွေ့ရဘူးဟု ပြောခဲ့ကြသော စကားများသည် လေပေါ်၌ ပျံဝဲ ပျောက်ကွယ်ကာ အရေမရ အဖက်မရများ ဖြစ်သွားတော့လေသည်။

စုဝမ်၏ အိမ်ကတော့ Xတက္ကသိုလ်သို့ သူမ တက်ရောက်ခွင့်ရသည့်အတွက် ပျော်ရွှင်နေကြပြီး လွန်ခဲ့သော သုံးနှစ်လုံးပေးထားသည့်ကတိအရ သူမ ဖြစ်စေချင်သော အရာတစ်ခုကို လိုက်လျောလိုက်ကြတော့သည်။

ထိုအချင်းအရာကတော့ သူမ သင်ချင်နေလွန်းသည့် တိုက်ကွမ်ဒို ကို သူတို့ သင်ခွင့်ပြုလိုက်ခြင်းပင်ဖြစ်၏။

စုဝမ်သည် တိုက်ကွမ်ဒိုကို မရမက သင်ချင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လိချန်းရန်မှာလည်း တိုက်ကွမ်ဒို သင်နေသောကြောင့်ဖြစ်သည်။

နောက်ဆုံးတွင် သူမ အလိုချင်ဆုံးသော ဆန္ဒလေးတစ်ခုမှ ပြည့်ဝခဲ့တော့သည်။ တစ်ခုပင် ပြသနာရှိသည်ကား လိချန်းရန်သည် အဆင့်မြင့်သင်တန်းတွင် ဖြစ်ပြီး သူမကတော့ အခြေခံသင်တန်းသားမျှသာ ဖြစ်သေးသည်။

အထက်တန်းကလေးများကြား ခါးပတ်ဖြူလေး ပတ်ကာ ရောရောရောရော လုပ်ရင်း သူမ အသိတရား ရလာသည်ကား ... သူမ အရမ်းကို အိုလွန်းနေပြီ ဆိုသည့်အချက်။ တစ်ရက်ပင် သင်တန်းဆင်းရသေး ၊ စုဝမ်တစ်ယောက် ညောင်းကိုက်လွန်း၍ ရှိသမျှ အရိုးတွေ ကြေကုန်ပြီ ဟု ထင်မှတ်ခဲ့သော်လည်း အဆောက်အဦးမှ အထွက် အဆင့်မြင့်အတန်းမှ ဆင်းလာသော လိချန်းရန်နှင့် တည့်တည့်ကို ခလုတ်တိုက်မိတော့သည်။

လိချန်းရန်မှာ သူမအား ကြောင်အစွာ ငေးကြည့်နေခဲ့သောကြောင့် စုဝမ်၏ ပါးနှစ်ဖက်မှာ နီနီရဲရဲကို မီးတောက်လာတော့သည်။

"တိုက်...တိုက်ဆိုင်လိုက်တာ....နင်လည်း ဒီမှာ တက်တာပဲလား? "

ကျောင်းမှာ ရှိသော တစ်ဦး တစ်ယောက်မှ မကျန် ၊ လိချန်းရန်တစ်ယောက် ဤသင်တန်းတွင် တိုက်ကွမ်ဒိုသင်ကြောင်း အကုန်သိ၏.....

SU WAN'S SECRET LOVEWhere stories live. Discover now