Episode-2

12 0 0
                                    

'ငါမနေ့က တွေ့တဲ့ 1st year ကောင်လေး...ကြည့်ရတာတစ်မျိုးပဲ အသားဖြူဖြူ အရပ်ကမရှည်မပု
အင်း.....ဒီကောင်လေးကြည့်ရတာ King ရလောက်မယ်...... အဲ့တာလည်း ငါ့အလုပ်မဟုတ်ပါဘူးလေ....
ငါသွားစရာရှိတာသွားဦးမှပဲ'

ကျောင်းသို့ရောက်ရောက်ခြင်း တောင်တွေးမြောက်တွေး အတွေးတွေကို ခွာပြီး ကန်တင်းသို့ထွက်လာတော့သည်

Sky ဆိုသော ဆိုင်ထဲဝင်ထိုင်လိုက်ကာ ဟိန်းမင်းစိုး
သူ့သူငယ်ချင်းများကိုစောင့်နေလိုက်သည်
သူညီလာမယ်တဲ့
"ကိုကြီးသားကျောင်းလိုက်ခဲ့မယ်လေ ရတယ်မဟုတ်လား သားသူငယ်ချင်းပါခေါ်ခဲ့မယ်လေ..."
"ဟိန်းသူရ အရှုတ်ထုတ် ကျောင်းကိုဘာလိုက်လုပ်မလို့လဲ....မင်းသူငယ်ချင်းပါ ပါမယ်ဆို ငါပိုခေါင်းရှုတ်တော့မှာပဲ....."
"မင်းသူငယ်ချင်းကဘယ်သူတုန်းပြောစမ်းပါဦး
၁၀တန်းဖြေထားတာဖြင့်မကြာသေးဘူး ဘာလဲ
ရည်းစားလားကွ"

"မဟုတ်ပါဘူးကိုကြီးရာ.....ကိုကြီး ၁၀တန်းတုန်းက ကျွန်တော်နဲ့တူတူ စာသင်တဲ့တစ်ယောက်လေ....
မှတ်မိလားသူ့ကို"
"ဟိုလေ.....မင်းခန့်သူရိန်ကိုပြောတာလား"

"ဟုတ်တယ်....ကိုကြီးရ သူလည်းပျင်းနေတာဆိုတော့
အဖော်စပ်လိုက်တာ လိုက်မယ်တဲ့ ကျောင်းရောက်ရင် ကိုကြီးဒကာခံနော်"
"အေးအေး...လာမယ်ဆိုလည်းနေ့လည်အရောက်လာ
မင်းသူငယ်ချင်းနဲ့တူတူ လာခဲ့ ...ငါတော့ကျောင်းသွားတော့မယ် ok"

"Ok ok... see ya...."

ကျောင်းသွားခါနီး ခွင့်လာတောင်းသောညီငယ် အကြောင်းတွေးကာ နာရီကြည့်လိုက်တော့...11:30
'ဟိုကောင်လာမယ်ဆိုပြီး ဘယ်သွားနေလဲမသိဘူး လာမှတွေ့မယ်... ဟင်း....ဟင်း'

Ringtone: I search the universe....

"ကိုကြီးရေ...သားတို့ကျောင်းရောက်ပြီ သူရိန်မောင်းလာတာ နည်းနည်းထွက်တာနောက်ကျသွာလို့ ဆောတီးဆောတီး.... ဒါနဲ့ကိုကြီးခုဘယ်မှာလဲ ကျွန်တော်တို့နှစ်ယောက်လာခဲ့မယ်လေ..."

ပြောချင်ရာပြောကာမေးနေသော ညီငယ်အား
"အေး...ငါကန်တင်းမှာ sky ဆိုတဲ့ ဆိုင်ထဲဝင်ခဲ့ ငါစောင့်နေတယ်...."
"Ok ok လာပြီ ဒါပဲနော် "

အချစ်၌ကျရှုံုးခြင်း (Falling In Love)Where stories live. Discover now