ဒီနေ့ကျောင်းပိတ်ရက်...ကျောင်းသွားစရာမရှိ၍
ကုတင်ပေါ်၌ ဟိုလိမ့်ဒီလိမ့် အပျင်းတစ်နေသော
မိုးစက်မင်း...."ပျင်းလိုက်တာ ဘာမှလည်းလုပ်စရာမရှိ..
ကျောင်းသွားတော့လည်းအဝေးကြီးမို့ပျင်း အိမ်မှာနေတော့လည်းပျင်း တော်တော်ပျင်းနိုင်တဲ့ငါပါလား"Ringtone: Don't mess up my tempo
"အေး...သော်တာပြော...."
သော်တာဆိုသည်မှာ အခြားသူမဟုတ် ၁၀တန်းတူတူတက်တုန်းက ကျူရှင်တူသော မင်းခန့်သော်တာ.."ဟေ့ကောင်.....မင်းငါ့ရှိ phone လေးဘာလေးတောင်ဆက်ဖော်မရဘူးလား ငါမှာပျင်းနေတာ..."
Exo-L ချင်း ဘဝတူတွေမို့ ခုလို့ တတွဲတွဲဖြစ်နေကြတာ မစမ်း...
"ဖြည်းဖြည်းပြော သားကြီး....ငါလည်းပျင်းနေတာပဲ
ဘာလုပ်လို့လာကိုင်ရမလဲဖြစ်နေတာ.. "
"ဒါဆို....ဟျောင်..August လာခဲ့ပါလား..နည်းနည်း
အချိန်ဖြုန်းလို့ရတာပေါ့.....ပြီးရင် လှည်းတန်း center ထဲက game city ထဲဝင်ကြမယ်လေ...
ဘယ်လိုနေလဲ ငါ့အစီအစဉ်....""အေး.. မဆိုးဘူးပဲ..ဗိုက်ဆာရင်လည်း လှည်းတန်းမှာ
စားစရာသောက်စရာတွေအများကြီးပဲ...ပြောရင်းနဲ့
သရေတောင်ကျလာပြီ...ရှလွတ်""သရေကျနောက်မှကျ ခုပြင်ဆင်လေ အပြင်သွားမယ်ဆို....ငါစောင့်နေမယ် August မှာ ရောက်ရင်
Phone call လိုက်..ဒါပဲ.....""အေး..အေး." တောင်ပြောချိန်မရလိုက် ပြောချင်ရာပြော သွားသော ကောင်အား တွေ့ရင်ဆဲလိုက်မည်ဟု...မိုးစက်တွေးနေတော့သည်
"အာ...သူကိုဆဲဖို့စဉ်းစားတာနဲ့ ငါအချိန်ကုန်သွားနိုင်တယ် ရေချိုးမယ်....."
ရေချိုးပြီးခါစ မှန်ကြည့်လိုက်သောအခါ မှန်ထဲတွင်
ရှင်းသန့်ကြည်လင်ပြီး ဖြူဖွေးနေသော အသားအရည် တို့ကြောင့် မိမိကို မိမိအားမရ.."ဟိုအစ်ကိုကြီးကမှ ကောင်းသေးတယ် သူ့အသားက
ဖြူလည်းမဖြူဘူး ဝါတဲ့ဘက်.အင်း...ပြောရရင်..
ရွှေလိုဝင်း နေတဲ့အသားအရည် ငါလိုချင်တဲ့ အသားအရည် ကိုရထားတာပဲ.....ဟင်း. ..ဒါနဲ့ဘာလို့ သူ့အကြောင်း
စဉ်းစားမိတာလဲ.....တော်ပြီကွာ "
YOU ARE READING
အချစ်၌ကျရှုံုးခြင်း (Falling In Love)
Romanceမတူညီတဲ့ ကောင်လေးနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်မိကြတဲ့အခါ... တစ်ယောက်နဲ့တစ်ယောက် အချစ်ကိုဦးစားပေးမှာလား TU (HMAWBI) ကျောင်းကိုအခြေံရေးထားပါတယ်