I Miss You Today Too Part-3

458 40 2
                                    

Unicode...

"Tzuyuအခုဘာပြောလိုက်တာလဲ?"

Tzuyu chaeyoungကိုဖက်ထားတာခွာလိုက်ပြိး chaeyoungကိုတည်ငြိမ်တဲ့မျက်ဝန်းတစ်စုံနဲ့ကြည့်ကာ

"chaeကိုချစ်တယ်။chaeဒိလို အခြေအနေမျိုးမှာchaeကိုကာကွယ်ပေးချင်တယ်။"

Tzuyuဘက်ကသူမအပေါ်လေးနက်တယ်ဆိုတာTzuyuမျက်၀န်းတွေကခံစားမိပေးမဲ့ သူမဘက်တော့မျက်နှာလွဲမိသည်။

"Chaeအပေါ်ကိုသနားစိတ်ကြောင့်တော့ chaeကိုမချစ်ပါနဲ့!"

Chaeyoungပြောပြိးထွက်သွားမဲ့အချိန်Tzuyu chaeyoungလက်ကိုဆွဲလိုက်ပြိး chaeyoungမထွက်သွားအောင်တားသည်။

"သနားလိုမဟုတ်ဘူး။နဂိုထဲကson chaeyoung ဆိုတဲ့မင်းဖြစ်နေလိုပဲ။"

Tzuyuစကားကြောင့် Chaeyoungခြေလှမ်းတွေရပ်တန့်မိကာသူမ Tzuyuကို လှည့်ကြည့်မိသည်။သူမကိုတည်ငြိမ်စူးရှတဲ့မျက်ဝန်းတစ်စုံနဲ့ကြည့်နေတာတွေ့လိုက်ရချိန် သူမရုန်းထွက်ဖို့ လမ်းပျောက်သွားမိသည်။သူမလဲ Tzuyuကိုသဘောကျမိသည်။

Tzuyu chaeyoungကိုသူရှေ့လှည့်လိုက်ပြိး မျက်နှာချင်းဆိုင်ကာ

"ချစ်တယ်son chaeyoung"

Tzuyuပြောပြိးမျက်လုံးစုံမှိတ်ကာသူမနှုတ်ခမ်းတစ်စုံကိုနူးညံ့စွာထိကပ်နမ်းလိုက်သည်။သူမအစကလန့်ကာမျက်လုံးအဝိုင်းသားဖြစ်သွားပေးမဲ့သူမTzuyuအပေါ်သဘောကျမိတဲ့သူမအချစ်ကို လက်ခံမိတဲ့အနေနဲ့ မျက်လုံးစုံမှိတ်မိသည်။

တစ်ယောက်ထဲဖြစ်နေတဲ့သူမဘ၀ထဲမှာ အခုလိုသူမကိုအဖော်ပြုပေးဖို့ တစ်စုံတစ်ယောက်လိုအပ်နေမိတာကြောင့် အခုခံစားမိတာ အချစ်လား?ဆိုတာ သူမသေချာမသိမိပေ။

ညနေကျောင်းပြန်တော့jihyoသူမကိုလာကြိုရင် သူမအဖေဆေးရုံးကိုတူတူသွားခဲ့သည်။အခုထိ သတိပြန်မရသေးတဲ့ သူမအဖေကိုကြည့်ရင် ၀မ်းနည်းကာ မျက်ရည်တွေကအလိုလိုကျလာမိပြန်သည်။

"appaဘာလို့သတိပြန်မရသေးတာလဲ unnie?"

"ဆရာ၀န်ကတော့ စောင့်ကြည့်ရအုန်းမယ်လို့ပြောတယ်။unnieတို့ အခုချိန်လုပ်နိုင်တာ စောင့်ကြည့်ဖို့ပဲရှိတယ် "

I Miss You Today TooWhere stories live. Discover now