"ဖေကြီးမေကြီး သားတို့ကစားကွင်းသွားချင်တယ်"
မတိုင်ပင်ပဲပူဆာမိသော ညီအစ်ကိုနှစ်ယောက်"သွားတာကဟုတ်ပါပြီ သားတို့ရဲ့ မင်းတို့ဖေဖေက အားမှာမဟုတ်ဘူး မေမေပဲလိုက်ပို့ပေးမယ် ဟုတ်ပြီလား"
မိခင်ဆိုသည်မှာ သားသမီးတို့တောင်းဆိုရင်လိုက်လျောစမြဲပင်..."ကိုမြင့်ရေ....ဟေ့ကိုမြင့်....."
"ဟုတ်ကဲ့လာပါပြီ မမလေး"
"ကဲကိုမြင့် ကားအဆင်သင့်ဖြစ်လား ဒီမှာ သားတို့နှစ်ယောက်က ကစားကွင်းလိုက်ပို့လို့ပြောနေလို့""ဟုတ်ကဲ့မမလေး ကားထွက်ဖို့အဆင်သင့်ပါပဲ"
"ကဲသားတို့နှစ်ယောက် အပြင်သွားမယ်ဆို ဘာလုပ်ရမလဲ သိတယ်နော် ရေချိုးရမယ် အဝတ်စားလဲရမယ်
ကဲသွားလုပ်တော့နော်...."ဒီကလေးနှစ်ယောက်အကြောင်း ဒေါ်လေးနွယ်အသိဆုံးလေ အပြင်သာသွားချင်တာ ရေချိုးကြပျင်းတဲ့
သားတွေမှန်း ရေချိုးရင်လည်းမပြီးမှန်း"သားနှစ်ယောက်မြန်မြန်ချိုးနော်...ကြာရင် ကစားကွင်းမသွားပဲ နေလိုက်မှာ"
"ဟုတ်ကဲ့ပါမေမေရဲ့" ဆိုပြီး ရေချိုးခန်းထဲဝင်သွားသော သားနှစ်ယောက်
"သော်တာရေ မေမေကတော့ရေချိုးခိုင်းနေပြီ တစ်ယောက်တစ်လှည့်စီချိုးရင်ကြာမှာ အဲ့တော့...နှစ်ယောက်တူတူချိုးကြရအောင်လေ.. ပိုမြန်တာပေါ့"အပြောထက်အလုပ်မြန်သော သူရိန်..သော်တာငြင်းချိန်တောင်မရ သော်တာလက်အားဆွဲကာ ရေချိုးခန်းထဲဝင်လိုက်သည်
Bathtub ထဲဝင်ကာ ရေစိမ်နေသောညီအစ်ကိုနှစ်ယောက်.....
"ကိုကြီးရှေ့နည်းနည်းရွေ့ ကျွန်တော်ကြပ်နေပြီ"
"မရွေ့ပါဘူး မင်းကိုမှီချင်လို့ဟာ ငါကျောညောင်းတယ် မင်းပဲနောက်မှီနေတာလေ အဲ့တော့မှီစရာ မင်းပဲရှိတာပေါ့ကွ... haha""ကိုကြီးကလည်း မင်းဟိုဘက်မှာမှီရင်ရတယ်လေ
ကျွန်တော်နဲ မျက်နှာချင်းဆိုင်ထိုင်လေ ရတာပဲကို
တကာတည်းသူများတကာကို မှီနေလိုက်တာ မြင်မကောင်းဘူး... ကိုကြီးငပျင်း""ဘာ.. ငါကိုများငပျင်းတဲ့ ပြောချင်ဦးကွာ..ကဲ"
"ဟ.ဟား..ဟား... ကိုကြီးယားတယ်..ဟား...တော်တော့ဗျာ....ဟုတ်ပြီနောက်မပြောတော့ဘူး ရပြီမှတ်လား"
YOU ARE READING
အမြွှာ (Twins)
Romanceအရမ်းချစ်ကြတဲ့ အမွှာနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ညီအစ်ကိုဆိုတဲ့ သံဃောစဉ်ကို ကျော်လွန်ပြီးချစ်မိကြသောအခါ...... "အချစ်တွင်ကျရှုံးမိခြင်း" ထဲက အမြွှာ နှစ်ယောက်အကြောင်း ပြန်ရေးထားတာပါ........