"ဘာလိုလိုနဲ အချိန်တွေကမြန်လိုက်တာ သားတို့
နှစ်ယောက်မနက်ဖြန် အသက်၁၀နှစ်ပြည့် ပြီပဲ "မိခင်ကသားနှစ်ယောက်လုံးအား အားရဝမ်းသာနေ
သည်ကို မျက်လုံးများကသက်သေပြနေသည်
Phone မှ ဂဏန်းအချို့ ဒေါ်လေးနွယ်နှိပ်လိုက်သည်"ဖေကြီးရေ...မနက်ဖြန်သားတို့နှစ်ယောက်မွေးနေ့နော် စင်ကာပူကနေ မနက်ဖြန်ပြန်လာမှာမဟုတ်လား
သားတို့အတွက် လက်ဆောင်ဝယ်ခဲ့ဦးနော် ပြီးတော့
ဂရုစိုက်ဦး နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေတာဆို
တော့"အိမ်ရှင်မကောင်းပီပီ ခင်ပွန်းသည်ကိုphone ဆက်
ပြောနေသည်ကို ဦးခင်မောင်ဦးပြောလိုက်သည်"အေးပါမိန်းမရ ငါသေချာဂရုစိုက်ပြီးလုပ်ပါတယ်
ဒါပင်မဲ့ မနက်ဖြန် ပြန်လာနိုင်မယ်မထင်ဘူး
ဒီမှာ စာချုပ်ချုပ်နေတာမပြီးသေးဘူး..မင်းပဲ
ကလေးတွေလိုက်ပို့လိုက်ပါလား.. ငါပြန်လာရင် ကလေးတွေကို လက်ဆောင်ပေးလိုက်ပါမယ်""အင်းပေါ့လေ အလုက်ကိစ္စဆိုတော့လည်းမတက်နိုင်ဘူးပေါ့ရှင် ကလေးတွေကဖေကြီးပြန်လာမှာလား မေးနေလို့ပါ ...ရတယ်ရတယ် အလုပ်ကိုသာ ဂရုစိုက်လိုက်နော်... "
"အေး...မိန်းမ over sea call ဆိုတော့ ဘေတွေ
ကုန်နေဦးမယ် ချလိုက်တော့မယ်နော် ဒီမှာ meeting ထိုင်ရဦးမှာမို့ see you love you"မိန်းမနဲ့ phone ပြောပြောသားတွေနဲ့ပြောပြော အမြဲပြောလေ့ရှိသော စကားကို ဦးခင်မောင်ဦးပြောမိသည်
"Ok လေ အဲ့တာဆိုကျွန်မချလိုက်တော့မယ် bye"
Phone ချလိုက်ချိန်တွင် အမေပေါင်ပေါ် တစ်ယောက် တစ်ဖက်ပြေးတက်ကာ မေးခွန်းတချို့မေးမိသည်
"မေမေ.. ဖေကြီးက ဘာပြောလဲ ပြန်လာမယ်တဲ့လား"
"အင်း...မင်းတို့ဖေဖေက အလုပ်ကိစ္စတွေမပြီးသေး
လို့တဲ့ အချိန်မှီအောင်တော့ပြန်လာမယ်တဲ့
လာရင် လက်ဆောင်ဝယ်ခဲ့မယ်တဲ့ နှစ်ယောက်လုံး အတွက် တဲ့""ဖေကြီးကအဲ့လိုပြောသွားတာလား" ဟု မေးခွန်းထပ်
ထုတ်မိသော သော်တာကြောင့် သူရိန်က..."ညီလေး အဲ့တာဆို ဖေကြီးပြန်မလာလောက်တော့ဘူး
မေကြီးရှိနေတာပဲ ရတာပဲ မဟုတ်ဘူးလားမေကြီးနော်"
YOU ARE READING
အမြွှာ (Twins)
Romanceအရမ်းချစ်ကြတဲ့ အမွှာနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ညီအစ်ကိုဆိုတဲ့ သံဃောစဉ်ကို ကျော်လွန်ပြီးချစ်မိကြသောအခါ...... "အချစ်တွင်ကျရှုံးမိခြင်း" ထဲက အမြွှာ နှစ်ယောက်အကြောင်း ပြန်ရေးထားတာပါ........