ထပ်တူ

730 86 0
                                    

ထပ်တူ
KaiHun
🐻❤️🐣
A/N
ချစ်သုဝေ ကတိ အခွေထဲက ထပ်တူ ဆိုတဲ့ သီချင်းလေးကိုခံစားပြီး ရေးပါသည် အဲဒီသီချင်းလေးကို နားထောင်တော့ သူတို့အတွက်ရေးချင်လာလို့
MyonewMinnie ရဲ့ မြန်မာနှစ်သစ်လက်ဆောင်ပါ

🐻🧡🐣
တီးလုံးနဲ့ အလိုက် ကကွက်တွေဖော်ဆောင်နေတဲ့ ကောင်လေးနှစ်ယောက်
ခြေလှမ်းတွေက တစ်ယောက်နဲ့တစ်ယောက် ထပ်တူ ကျလို့
သီချင်းဆုံးသွားချိန်
"အား မောတာကွာ"လှဲချလိုက်တဲ့ hun ကို kaiငုံ့ ကြည့်လိုက်တယ်
သူပါထိုင်ချလိုက်ရင်း လှဲအိပ်နေတဲ့ ငယ် ရဲ့ ခေါင်းလေးကို မကာ သူ့ပေါင်ပေါ်တင်လိုက်တယ်
ချွေးလေးစို့နေတဲ့ Sehun နဖူးလေးကို မျက်နှာသုတ်ပုဝါအသေးလေးနဲ့ သုတ်ပေးလိုက်တယ် "မောနေပြီလား ငယ်"
ဖျက်ကနဲပွင့်လာတဲ့ မျက်ဝန်းလေး ကပြုံးပြီး နဖူးလေးကို လက်ညှိုးလေးနဲ့ ညွှန်ပြတဲ့ ငယ်ကြောင့် kai အမောပြေရတယ်
နဖူးလေးကို ငုံ့နမ်းလိုက်တယ်
ငယ် ရဲ့ မျက်ဝန်းလေးတွေကတဖျက်ဖျက် လက်နေတဲ့ ကြယ်လေးတွေ အလား
မျက်တောင်လေးတွေ ခပ်စိပ်စိပ် မျက်ဝန်းလေးတွေ က အလင်းရောင်လေးက သူ့ ဘဝရဲ့ အလင်းတန်းလေး

🐻🧡🐣တီးလုံးနဲ့ အလိုက် ကကွက်တွေဖော်ဆောင်နေတဲ့ ကောင်လေးနှစ်ယောက် ခြေလှမ်းတွေက တစ်ယောက်နဲ့တစ်ယောက် ထပ်တူ ကျလို့ သီချင်းဆုံးသွားချိန် "အား မောတာကွာ"လှဲချလိုက်တဲ့ hun ကို kaiငုံ့ ကြည့်လိုက်တယ် သူပါထိုင်ချလိုက်ရင်း လှဲအိပ်နေတဲ့ ငယ် ရဲ့ ခေါင်းလေးကို မက...

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

အိပ်မက်တွေလဲအတူတူ မက်ခဲ့ကြတယ်
မနက်ခင်းတိုင်းလဲအတူတူ နိုးထ နေရတယ် နှစ်ယောက်တစ်အိပ်မက်နဲ့
ဘဝတွေ ကလဲ ထပ်တူ မြတ်နိုးမိတဲ့ ချစ်ခြင်းတရားကလဲအတူတူ
ရှေ့မှာ ရှိနေတဲ့ အနာဂတ် တွေကလဲ ငယ်နဲ့အတူတူ  အရာရာက ငယ်သာ
"ကိုကို ငယ် ဗိုက်ဆာတယ်"
"အင်း ငယ် ဘာစားချင်လဲ ဘာမှာပေးရမလဲ"
"ကိုကို ချက်ပေး" နုတ်ခမ်းစူလာတဲ့ ငယ် သူ့အသည်းလေး Sehunnie
"Aigoo ကိုကို ချက်ပေးရမှာလားငယ် ငယ်ဗိုက်ဆာမှာပေါ့"
"စောင့်မယ်လေ ငယ် ရေချိုးလိုက်မယ်လေ"
"အင်း အဲဒါဆို ကိုကို ချက်လိုက်အုန်းမယ်"

သူကို ကျောခိုင်းပြီး မီးဖိုချောင်ထဲဝင်သွားတဲ့ ကိုကို က သူ့အချစ်တွေပိုင်ရှင်ပါ
အရာရာထပ်တူကျနေတဲ့ ကိုကိုနဲ့ ဒီဘဝလေးကို သူ့တန်ဖိုးထားတယ်
အနာဂတ်အတွက်လဲအတူတူပါပဲ
ကိုကို မပါတဲ့ အနာဂတ် ကို တခါမှ စိတ်ကူးမယဉ်ဖူးပါ ဒီ Sehunnie ရှိနေရင် ဒီ Kai က အနားမှာရှိနေရမယ်
စိတ်တွေက တခုခုကို ကြောက်လာတယ်
တနေ့နေ့မှာ ကိုကိုသာ hunnie အနားကထွက်သွားရင်
ဟင့်အင်း မဟုတ်ရပါဖူးကိုကို က ဒီမှာ hunnie အနားမှာ အတူတူနေရမှာ ထာဝရ
ကိုကိုကို ချစ်တဲ့ အချစ်က အချစ်သီးသန့်မဟုတ်ဖူး သံယောဇဉ်တွေ နားလည်ခြင်းတွေရယ် အိပ်မက်တွေလဲအတူတူမက်ခဲ့ကြတယ်  အနာဂတ်တွေလဲအတူတူပါပဲ
ကိုကို နဲ့ အတူတူ နေ့ရက်တွေ ရှေ့ဆက်နေ့ရက်တွေက ကိုကို ရှိနေရမှာ hunnie အနားမှာ

ကျောပြင်လေးကနွေးကနဲ
ကြည့်လိုက်တော့ ကလေးငယ်လေး က နောက်ကနေဖက်ထားတာ
"ကိုကို ကို ချစ်တယ်"
Hunnie
နုတ်ခမ်းလေးနဲ့ ထိကပ်နေတဲ့ Kai ကျောပြင်လေး
"ကိုကို လဲချစ်တယ် ကလေးကို စားပွဲခုံမှာသွားထိုင်နေလေ ကိုကို က ချွေးတွေနဲ့ကလေးက ရေချိုးပြီးသား"
"ဟင့်အင်း မသွားဖူး"ဆို သူကိုဖက်လျက်သားလေး သူထမင်းချက်နေတာကို ဖက်တွယ်လို့
အိပ်ခန်းထဲကို ဝင်လာတဲ့အထိ သူ့ကိုမလွတ်သေးတာကြောင့်
"ကလေး ကိုကို နဲ့ရေထပ်ချိုးမလို့လား"
"ဟင့်အင်း " ဆို သူကိုရေချိုးခန်းဝမှာစောင့်နေမယ့်ပုံလေးကြောင့် သူရီလိုက်ရင်း
"ကဲသဘောပဲ ကလေးလေး ကိုကို ရေချိုးလိုက်အုန်းမယ်"

ရေချိုးခန်းအဝမှာငုတ်တုတ်လေးစောင့်နေတဲ့ကလေးလေးကြောင့် kai အံ့သြတကြီးရယ်
ကလေးက သူကိုမော့ကြည့်ပြီး
"ဟီး ကိုကို "
"အား ချစ်လိုက်တာကွာ "ဆိုပါးလေးနမ်းတော့  မျက်နှာနီလေးနဲ့ရှက်နေတယ်
Kai လဲ အင်္ကျီမြန်မြန်ဝတ်ကာ လက်ကလေးဆွဲရင်းထမင်းစားခန်းထဲခေါ်လာကာ ထမင်း စားဖို့လုပ်ပေးရတော့တယ်
ထမင်းစားပြီး  အသီးစားဖို့ tv ဖွင့်တော့ ရင်ခွင်ထဲဝင်လာတယ်

"ကလေး ဘာဖြစ်နေလဲ ကိုကို သိတယ်
ဒီမှာကြည့်
ကလေးနဲ့ ကိုကို က  အိပ်မက်တွေလဲအတူတူမက်ခဲ့ကြတာ မနက်ခင်းတိုင်းလဲအတူတူ နိုးထလာနေရတာလေ  အနာဂတ်အတွက်လဲ အတူတူ ဆက်သွားကြရမယ့်သူတွေ  ကိုကို နဲ့ ကလေးချစ်ခြင်းတရားတွေ မြတ်နိုးရခြင်းတွေကလဲအတူတူ အချစ်တွေလဲအတူတူ လေ
ကိုကို က ဒီကလေးလေး hunnie ကိုကိုရဲ့ sehunnie လေးကို အရမ်းချစ်တာသိတယ်မလား"
"သိတယ် ကိုကိုနဲ့ အရာရာ ထပ်တူဘဝလေးကို ကလေး အရမ်းကျေနပ်တယ် ကိုကို ကို ချစ်လိုက်တာ"

ကျွန်တော်တို့ အိပ်မက်တွေ ထပ်တူ
ကျွန်တော်တို့ဘဝတွေ ထပ်တူ မြတ်နိုးခြင်းတွေလဲ ထပ်တူ
မေတ္တာတရား တွေနဲ့ သစ္စာတရားတွေ ကလဲ ထပ်တူ
ချစ်ခြင်းတွေကလဲ ထပ်တူ

ဘာများနောက်ထပ် ထပ်လိုအုန်းမှာလဲ ကလေးငယ်

ချစ်တယ်ကလေး
ချစ်တယ်ကိုကို

🐻🧡🐣

SeKai KaiHun  🐻🧡🐣 one shotDonde viven las historias. Descúbrelo ahora