Sorry Not Sorry

513 102 46
                                    

Zawgyi

ရင်​ထဲ နာကျင်​​နေဆဲ
ဘယ်​လိုများ နှစ်​သိမ့်​နိုင်​မလဲ

ထာဝရ မဆုံ​တော့ဘူးကွယ်
မင်း စိတ်​နဲ့ ဆုံးဖြတ်​ခဲ့တယ်

ဘာမှ တည်​မ​နေနိုင်​ခဲ့
အစီအစဉ်​တကျ အားလုံး ပြိုလဲ

_________________________

မင်​​ဆော့​ ဟာ သနားစရာ​ကောင်း​လောက်​​အောင်​ ​အေးတဲ့ ကြမ်းပြင်မှာ ​ဒူး​ထောက်​ငို​ကြွေး​နေတာ​တောင်​ ဂျုံဒဲ​ က ဆိုဖာ​ပေါ် သက်​​တောင့်​သက်​သာ အ​နေအထား နဲ့ ထိုင်​​နေတယ်​။

" ကား ဝပ်​​ရှော့ပို့ထားရတဲ့ မန်​​နေဂျင်းကို လာ​ခေါ်​ပေးမယ့်​ အိမ်​ကားတစ်​စီးစီးရှိမ​နေ​တာဟာ တကယ်​ကို မဖြစ်​သင့်​တဲ့ ကိစ္စပဲ ၊ မန်​​နေဂျင်း က taxi တားရတယ်​လို့ ၊ လမ်းမီးတိုင်​က မီး​ရောင်​နဲ့အတူ ညာလက်​မှာ အ​ပေါ်ဝတ်​ ကုတ်​ ကို ကိုင်​ထားတယ်​၊ ဘယ်​လက်​နဲ့ ဆံပင်​​တွေကို သပ်​တင်​ပြီး ဝန်​ထမ်းကို လှမ်းပြုံးပြစရာလား မန်​​နေဂျင်းရယ်​ "

" ​တောင်းပန်​ပါတယ်​ ဒီမန်ေ​နဂျင်းက ​အသုံးမကျလို့ ​တောင်းပန်​ပါတယ်​ ၊ အရမ်းညံ့ဖျင်းလို့​တောင်းပန်​ပါတယ်​၊ သူများလှည့်​စားတာ ခံရလို့​တောင်းပန်​ပါတယ်​၊ သူများ ​ပြောတာနား​ထောင်​ပြီး မင်းကို မလိမ်​ခဲ့သင့်​ဘူး၊ ​တောင်းပန်​ပါတယ်​၊ ​တွေ့ခဲ့တာကို ဒီလို​နောင်​တရတဲ့ စကား​တွေ မ​ပြောပါနဲ့ ​တောင်းပန်​ပါတယ်​ "

" ​​နောင်​တ မရပါဘူး ၊ ချစ်​ခဲ့တာကို ​နောင်​တရ ရင်​ တကယ်​ မချစ်​လို့တဲ့ ၊ ချစ်​ခဲ့တာ တကယ်​မလို့ ​နောင်​တမရဘူး ၊ ကိုယ်​က မင်​​ဆော့​ ဘာလုပ်​လုပ် ခွင့်​လွှတ်​ပြီးသား ၊ မင်​ဆော့ သာဆို အကုန်​ခွင့်​လွှတ်​တယ်​ "

မင်​​ဆော့ က ​ခေါင်းငုံ့ ဒူး​ထောက်​ ​တောင်းပန်​​နေရင်းမှ ​ဒေါသသံ​တွေနဲ့ ချက်​ချင်း မတ်​တပ်​ရပ်​​လိုက်​တယ်​ ။

" အရမ်းတစ်​ကိုယ်​​ကောင်းဆန်​တာပဲ ၊ ရှင်းပြတာ နား​ထောင်​​ပေးလို့ မရဘူးလား ၊ ကိုယ့်​ကိုယ်​ကို ​မေတ္တာရှင်​ကြီးလိုလို ​နဲ့ အကုန်​ခွင့်​လွှတ်​တယ်​ဆိုပဲ ၊ အဲ့ဒီ့ အပြုအမူ အဲ့ဒီ့ အကြည့်​နဲ့ မကြည့်​နဲ့ !!!!!! မင်းကို သစ္စာ မ​ဖောက်​ခဲ့ဘူး "

Beautiful Goodbye {XIUCHEN} [Completed] Where stories live. Discover now