မနက် ကိုးနာရီ…
ကျောင်းတက်နေပြီ ဖြစ်သော်လည်း Sehun စာအုပ်မထုတ်နိုင်သေးဘဲ တံခါးဝကို ငေးရင်း တစ်စုံတစ်ယောက်ကို မျှော်နေမိသည်။
Jongin ဆိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေး…။
ခုထက်ထိ ကျောင်းဆောင်ပျက်ကြီးထဲမှာ ငိုနေသေးတာများလား…။ ဟင့်အင်း… မဖြစ်နိုင်လောက်ပါဘူး… သူအတန်းတော့ လာတက်မှာပါ…။
ဘေးဘက်ကိုကြည့်လိုက်မိတော့ စာရေးခုံလေးမှာလည်း ပိုင်ရှင်ကင်းမဲ့လျက်…။
ဆရာဝင်လာပြီ…။ ဘာမဟုတ်တဲ့ ကိစ္စလေးကြောင့် အတန်းပါ မတက်တဲ့ ကောင်လေးကို စိတ်ဆိုးမိရုံကလွဲလို့ Sehun ဘာမှမတတ်နိုင်…။
စာအုပ်ထုတ်ပြီး ဆရာရှင်းတာကိုသာ သေချာနားထောင်နေမိသည်။ Phy ဆရာသည် ဆရာတွေအားလုံးထဲမှာ သဘောအကောင်းဆုံးမို့ ဆရာ့အချိန်ဆို ကျောင်းသားအားလုံး သက်တောင့်သက်သာရှိကြသည်။
" အလင်းက ဘယ်ဘက်ကို ယိုင်လဲဆိုတာကို ဆရာတို့ မြှားဆွဲမယ် "
ဆရာက ပြောရင်းနှင့် ဆော့ပင်ယူကာ မြှားတံလေးကို interval နှစ်ခုကြားမှာ ဖြောင့်တန်းစွာဆွဲနေသည်။ Sehun စားပွဲစွန်းက ခဲတံလေးကို လှမ်းယူလိုက်တော့ ခဲတံလေးက လိမ့်ကာ စားပွဲအောက်ကျသွားသည်။ Sehun လည်း အောက်ငုံ့ရင်း ကောက်လိုက်သည်။
ထိုအချိန်တွင် အတန်းဝမှာ ရပ်နေတဲ့ ခြေတစ်စုံ…။ ဘာရယ်မဟုတ်… မော့ကြည့်လိုက်မိတော့ Jongin…။ အတန်းနောက်ကျလို့ ဆရာ့ကိုကြောက်နေပုံနှင့် တံခါးဝမှာ ကုပ်ကုပ်လေး ရပ်နေသည်။
Sehun နာရီကို ကောက်ကြည့်လိုက်တော့ ကိုးနာရီ ဆယ်မိနစ်…။
ဆရာ့ကို ခွင့်တောင်းပြီး ဝင်ရင်ရတာကို ဘာလို့အတန်းဝမှာ မတ်တပ်ရပ်နေတာလဲ…။
Sehun စိတ်တွေ စာမှာ 100% လုံး မရှိတော့…။ Jongin ဟူသော ကောင်လေးထံကို 40% လောက်ရောက်သွားသည်။ စာရှင်းနေသော ဆရာက အတန်းဝမှာ ရပ်နေတဲ့ Jongin ကို မမြင်…။
ကိုးနာရီ ဆယ့်ငါးမိနစ်…
Jongin အတန်းရှေ့မှာ ရပ်နေဆဲ။ ကျောပိုးအိတ်လေးကို လွယ်ကာ လက်နှစ်ဖက်ကိုယှက်ကိုင်ထားပြီး ခေါင်းလေးငုံ့ကာ တံခါးဝမှာ ရပ်နေတဲ့ ကောင်လေးကို ကြည့်ပြီး Sehun စိတ်မရှည်ဖြစ်လာသည်။
![](https://img.wattpad.com/cover/172675949-288-k986218.jpg)
YOU ARE READING
The Kim
Fanfictionခင်ဗျားတို့ ကျွန်တော့်ကို နားမလည်ဘူး... ကျွန်တော့်ကို ဘယ်သူမှလည်း နားလည်လာမှာမဟုတ်ဘူး!! ကျေးဇူးပြုပြီး တစ်ယောက်တည်းနေပါရစေ... #sekai