Reason. 1

179 16 0
                                    

ဖြောက်​...

မီးခြစ်​ထဲက မီး​တောက်​​လေးကို နှုတ်​ခမ်းထက်​က
ဆေးလိပ်​​လေးဆီ ကူး​ပြောင်းလိုက်​တဲ့အချိန်
ဂျုံအင်​ အ​တွေးတစ်​ခု​ကြောင့်​ ပြုံးလိုက်​မိသည်​၊

လူတိုင်းဟာ စွန့်​ပစ်​ခံလိုက်​ရတဲ့ လူတစ်​ချို့ကို ​ဆေးလိပ်​နဲ့ နှိုင်းယှဉ်​တတ်​ကြသည်​။

ဆေးလိပ်​က သနားဖို့​ကောင်းတယ်​တဲ့၊

လောင်​ကျွမ်းသွားတဲ့ ​ဆေးလိပ်​​တစ်လိပ်​​ဟာ
ဖင်​စီခံနား​ရောက်​တဲ့အခါ ​သောက်​တဲ့လူရဲ့ နင်း​ခြေဖျက်​စီးခြင်းကို ခံရစမြဲ၊ 

တစ်​ကယ်​​တော့ ​ဆေးလိပ်​ဟာ တစ်​လိပ်​ဆိုရင်
ဆိုသ​လောက်​ ​လူတစ်​​ယောက်​ကို စွဲလမ်း​အောင်​ လုပ်​နိုင်​သည်​။
လူတစ်ေ​ယာက်​ရဲ့ နူးညံ့တဲ့နှုတ်​ခမ်းထက်​မှာ ​နေရာယူထားနိုင်​သလို၊ လက်​ကြားထဲမှာလည်း သူက ​နေရာယူထားနိုင်​ပြန်​သည်​။
နောက်​ဆုံး သူ့ကိုစွဲလမ်းတဲ့ ​သောက်​သုံးသူကို​တောင်​ ​အသက်ေ​သ​စေနိုင်​သည်အထိ သူ့ရဲ့အနိုင်​ရမှုဟာ အံ့သြစရာ​ကောင်းလွန်းသည်​။ ဒီ​တော့ သူ့ကို နင်း​ခြေလိုက်​တဲ့လူကို သူကပြန်​အနိုင်​ယူလိုက်​နိုင်​သည်​။

သူ့အဖို့​တော့
ဆေးလိပ်​ဆိုတာ လုံးဝသနားဖို့မ​ကောင်းသလို အနိုင်​ရ​နေတဲ့အရာတစ်​ခုလို ထင်​သည်​။
ရူရှိုက်​ထားတဲ့ ​ဆေးလိပ်​​ငွေ့​တွေကို ​လေထုထဲ ထုတ်​လွှတ်​လိုက်​ရင်း သူ​တွေးမိပြန်​သည်​။

သူက​ရော....
ဆေးလိပ်​လား?၊​..
ဆေးလိပ်​​သောက်​တဲ့လူလား?...

သူ ဆိုင်​ရဲ့ကားပါကင်​​ဘေးနားကနံရံနားမှာ မှီပြီး​ရပ်​​နေတာ အ​တော်​ကြာပြီဖြစ်​သည်​။
ဆိုင်​မှာ ​ဂျောင်​ဆူး ​နေ့လည်​စာလာစားမယ်​ ဟု
ဖုန်းဆက်​ပြီး​နောက်​ပိုင်း သူထွက်​ရပ်​​နေခဲ့မိတာ...

ဆေးလိပ်​တစ်​၀က်​ကျိုးချိန်​​လောက်​​ ​ရောက်​​တော့
ဂျောင်​ဆူးရဲ့ဆိုင်​ကယ်​ဟာ ​သူရပ်​​နေတဲ့ ​ဘေးမှာ
နေရာယူရပ်​တန့်​လိုက်​သည်​။ သူ​ ​ဆေးလိပ်​​သောက်​တာကို မကြိုက်​တဲ့ ​ဂျောင်​ဆူး​ကြောင့်​ သူ အလိုက်​တသိပင်​ ​ဆေးလိပ်​ကို ​ခြေဖ၀ါးကဖိနပ်​​အောက်
နင်း​ခြေပစ်​လိုက်​မိသည်​။

~Reason~Where stories live. Discover now