ဖြောက်...
မီးခြစ်ထဲက မီးတောက်လေးကို နှုတ်ခမ်းထက်က
ဆေးလိပ်လေးဆီ ကူးပြောင်းလိုက်တဲ့အချိန်
ဂျုံအင် အတွေးတစ်ခုကြောင့် ပြုံးလိုက်မိသည်၊လူတိုင်းဟာ စွန့်ပစ်ခံလိုက်ရတဲ့ လူတစ်ချို့ကို ဆေးလိပ်နဲ့ နှိုင်းယှဉ်တတ်ကြသည်။
ဆေးလိပ်က သနားဖို့ကောင်းတယ်တဲ့၊
လောင်ကျွမ်းသွားတဲ့ ဆေးလိပ်တစ်လိပ်ဟာ
ဖင်စီခံနားရောက်တဲ့အခါ သောက်တဲ့လူရဲ့ နင်းခြေဖျက်စီးခြင်းကို ခံရစမြဲ၊ တစ်ကယ်တော့ ဆေးလိပ်ဟာ တစ်လိပ်ဆိုရင်
ဆိုသလောက် လူတစ်ယောက်ကို စွဲလမ်းအောင် လုပ်နိုင်သည်။
လူတစ်ယောက်ရဲ့ နူးညံ့တဲ့နှုတ်ခမ်းထက်မှာ နေရာယူထားနိုင်သလို၊ လက်ကြားထဲမှာလည်း သူက နေရာယူထားနိုင်ပြန်သည်။
နောက်ဆုံး သူ့ကိုစွဲလမ်းတဲ့ သောက်သုံးသူကိုတောင် အသက်သေစေနိုင်သည်အထိ သူ့ရဲ့အနိုင်ရမှုဟာ အံ့သြစရာကောင်းလွန်းသည်။ ဒီတော့ သူ့ကို နင်းခြေလိုက်တဲ့လူကို သူကပြန်အနိုင်ယူလိုက်နိုင်သည်။သူ့အဖို့တော့
ဆေးလိပ်ဆိုတာ လုံးဝသနားဖို့မကောင်းသလို အနိုင်ရနေတဲ့အရာတစ်ခုလို ထင်သည်။
ရူရှိုက်ထားတဲ့ ဆေးလိပ်ငွေ့တွေကို လေထုထဲ ထုတ်လွှတ်လိုက်ရင်း သူတွေးမိပြန်သည်။သူကရော....
ဆေးလိပ်လား?၊..
ဆေးလိပ်သောက်တဲ့လူလား?...သူ ဆိုင်ရဲ့ကားပါကင်ဘေးနားကနံရံနားမှာ မှီပြီးရပ်နေတာ အတော်ကြာပြီဖြစ်သည်။
ဆိုင်မှာ ဂျောင်ဆူး နေ့လည်စာလာစားမယ် ဟု
ဖုန်းဆက်ပြီးနောက်ပိုင်း သူထွက်ရပ်နေခဲ့မိတာ...ဆေးလိပ်တစ်ဝက်ကျိုးချိန်လောက် ရောက်တော့
ဂျောင်ဆူးရဲ့ဆိုင်ကယ်ဟာ သူရပ်နေတဲ့ ဘေးမှာ
နေရာယူရပ်တန့်လိုက်သည်။ သူ ဆေးလိပ်သောက်တာကို မကြိုက်တဲ့ ဂျောင်ဆူးကြောင့် သူ အလိုက်တသိပင် ဆေးလိပ်ကို ခြေဖ၀ါးကဖိနပ်အောက်
နင်းခြေပစ်လိုက်မိသည်။