"ကား ခဏရပ်ပေး..."
24နာရီဖွင့်တဲ့ ဆိုင်လေးရှေ့မှာ ရပ်ပေးလိုက်
တော့ မပြောမဆိုနဲ့ ဆင်းသွားတဲ့ ဂျောင်ဆူး
ကြောင့် နောက်ကနေ လိုက်ဝင်ရတော့သည်။
ဘီယာကတ်တစ်ကတ်ကို ကောင်တာပေါ်
ငွေရှင်းဖို့ တင်ပေးလိုက်တဲ့ဂျောင်ဆူးကြောင့်
ဝန်ထမ်းကောင်လေးက သေချာကြည့်လာသည်။
ဝန်ထမ်းကောင်လေးက ကျသင့်ငွေကို ပြောနေပေမယ့် ခပ်တည်တည်နဲ့လက်ပိုက်နေပြီး
ပိုက်ဆံမထုတ်တဲ့ ဂျောင်ဆူးကြောင့် သူဘဲ
ပိုက်ဆံရှင်းလိုက်ရသည်။
ဂျောင်ဆူးကတော့ ခပ်တည်တည်နဲ့
ဘီယာကတ်ကိုဆွဲယူကာ ထွက်သွားသည်။ညီအစ်ကိုနှစ်ယောက်လုံးကို မနက်မိုးမလင်း
ခင် အာမခံနဲ့ထုတ်လာခဲ့ပြီး အိမ်ကိုပြန်ခေါ်
လာတုန်းရှိသေး ဂျောင်ဆူးဟာ စောစောစီးစီး
သောက်ဖို့ပြင်နေပြီ။ ကားပေါ်မှာပါလာတဲ့
မင်ဆော့ကတော့ နောက်ခန်းမှာ ကွေးကွေးလေး
အိပ်နေရှာသည်။ဒီကလေးတစ်ယောက်တည်း ဒီအထိရောက်လာ
တဲ့ အကြောင်းကို ဂျောင်ဆူးက မပြောပြပေမယ့်
ခန့်မှန်းလို့ရသည်။ ဂျောင်ဆူးအမေက
လောင်းကစားဝါသနာကြီးသည်။
ဂျောင်ဆူးအမေရဲ့အကြွေးတွေကြောင့်ဘဲ
နယ်ကနေဆိုးလ်ကိုပြောင်းလာတဲ့ ဂျောင်ဆူး
သူတို့ကျောင်းကို ရောက်လာခဲ့ရတာ၊ကျောင်းတတ်တဲ့တစ်နှစ်လုံးကတော့
နှစ်ယောက်လုံးဟာ သာမန်ကျောင်းသားတွေလိုဘဲ၊
လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေခဲ့တယ်။
ပြီးတော့ ကလေးလိုပုံစံနဲ့ လူကြီးဆန်တဲ့
ဂျောင်ဆူးကို ကျောင်းမှာဆို ဆရာမတွေကအစ ချစ်ကြသည်။
သို့သော် ဂျောင်ဆူးကတော့ မတုပ်မလှုပ်၊
ကျောင်းမှာလည်း ဘယ်သူ့ကိုမှ ဂရုမစိုက်စွာ
လုပ်ချင်တာ လုပ်တတ်တဲ့အကျင့်က သူ့အမေနဲ့ တူတယ်ပြောရမယ်။"အိမ်ရောက်မှ သောက်ပါလား၊ ဘာမှမစားရသေးဖူးလေ။ "