သို့
ချစ်ရပါသော Jung...
ပထမဆုံးတွေ့ဆုံမှုမှာတော့ Jungက ညစ်ပေနေတဲ့ကလေးဆိုးလေးတစ်ယောက်ပေါ့။
ငါပေးတဲ့ သကြားလုံးတွေကို အငမ်းမရစားတတ်တဲ့ကောင်ကလေးဟာ တချိန်မှာ ငါ့ရင်ထဲရောက်လာမဲ့လူတစ်ယောက်မှန်း ငါဘယ်သိခဲ့ပါ့မလဲ။
ညစ်ပေနေတဲ့ Jungကို မကောင်းဆိုးဝါးလေးလို့ ငါသတ်မှတ်ခဲ့ဖူးတယ်ဒါပေမဲ့ Jung စိတ်မဆိုးသလိုဒေါသလည်းမထွက်ခဲ့ပါဘူး။
သက်ရှိကြောင်လေးတစ်ကောင်အတွက်ကိုယ့်နာမည်တောင်မမှတ်မိတဲ့ကောင်လေးJungက ငါ့ကိုကယ်ပေးဖို့တောင်းဆိုခဲ့တယ်နော်။
ပွစာကျဲနေတဲ့ မင်းရဲ့ပလက်စတစ်နန်းတော်ကို ငါရောက်တုန်းက ဝန်ခံပါတယ်ငါ့ခြေထောက်တွေညစ်ပတ်မှာစိုးလို့ တွန့်ဆုတ်နေဖူးတယ်။
ကောင်းကင်တွေ အလီလီပြောင်းလဲပြီးတဲ့နောက်မှာ ငါသိလာခဲ့တယ်Jungကို တိတ်တခိုးချစ်နေမိပြီဆိုတာကိုပေါ့။
တကယ်တော့ အိန်ဂျယ်အယောင်ဆောင်မကောင်းဆိုးဝါးဟာ ငါပါပဲ အခုလိုပြောလို့ မအံ့ဩပါနဲ့ Jung။
ငါကလွဲရင်မင်းစိတ်ထဲအားကိုးရာမရှိစေချင်လို့ ဒါလန်းကို တိတ်တဆိတ်မုန်းတီးခဲ့ဖူးတာလည်း ငါဆိုတဲ့ အိန်ဂျယ်ပါပဲ။
သူမနဲ့ သံယောဇဉ်နွယ်မှာကိုကြောက်လန့်နေခဲ့တဲ့ ငါက မိုက်ရူးရဲဆန်စွာဘဲ အပင်စိမ်းလေးကို ငါတို့နှစ်ယောက်ရဲ့ သီးသန့်အခန်းလေးထဲ သွင်းခဲ့လိုက်တယ်။
အဲ့ဒီ အပင်က ဘာပင်လဲ သိလားJung။အဆိပ်ပင်လေ Jungရဲ့ အဆိပ်ပင်ဘယ်လိုလဲ Jungယုံပြီလား ငါက မကောင်းဆိုးဝါးအစစ်ဆိုတာကိုလေ။
အဲ့ဒီ အဆိပ်ပင်လေး ဘယ်လိုအလုပ်လုပ်လဲဆိုတာကို ငါပြောပြမယ်Jung။အပင်ကငယ်သေးတာမို့ အာနိသင်ကချက်ချင်းမသက်ရောက်ပေမဲ့ အပင်ကထုတ်တဲ့လေကို ငါတို့တွေ ရှူမိမယ်။
YOU ARE READING
❝အိန်ဂျယ်တွေရဲ့ရာဇဝင်❞
Fanfictionအိန်ဂျယ်တွေမှာ အတောင်ပံပါတယ်။ ခင်ဗျားကအိန်ဂျယ်မဟုတ်ဘူး ခင်ဗျားမှာ အတောင်မှမပါဘဲ။ ဤဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာ၊အချိန်ကာလတို့သည်စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်ကြောင်း အသိပေးပါသည်။