တစ်ယောက်ပြီးတစ်ယောက်ဟင်းမျိုးစုံနဲ့စားကြတာပေါ့....... ဇေယျာရဲ့ဟင်းတွေကတော့ အပြန်းစား စားဗိုလိမှူးကြီးရဲ့လက်ရာတွေပေါ့...... ရှားထက်ကဇေယျာ့ရဲ့ဟင်းတွေကိုကြည့်ပြီး..... ဇေယျာ မင်းဟင်းတွေက ကြည့်ရုံနဲ့ကို စားချင်စိတ်ဖြစ်လာတယ်ကွာ ငါTvတွေမှာပမြင်ဖူးတာ လက်တွေ့မမြင်ဖူးဘူး ခုတော့မင်းကျေးဇူးကြောင့်မြင်ဖူးပြီ...... ဇေယျာကလည်း မင်းစားချင်စားလေ ငါကအမြဲတမ်းစားနေရတော့အီနေပြီ မင်းတို့စားကြပါ..... ရှားထက်လည်း ဇေယျာ တကယ်ပြောနေတာလား ငါတကယ်အားမနာတော့ဘူးနော် စားပြီ....... စားပါ ငါကျွေးပါတယ်...... ဟာမင်းကတော့သူငယ်ချင်းကောင်းပဲ...... ရှားထက်ကတော့ အားရပါးရနှိုက်စားတော့တာပဲ...... ဘေးကနေ ရှိုင်းထက်ဦးက ဇေယျာ မင်းဒီကောင်နဲ့ပေါင်းရင်ကတော့ အစားဖိုးနဲ့မွဲလိမ့်မယ် မင်းကြည့်ကြပ်သာပေါင်းတော့ ဟားဟား ဆိုပြီး ဇေယျာ့ကိုပြောလိုက်တယ်...... အဲ့မှာ ရှားထက်က ရှိုင်းထက်ဦးအသာနေစမ်းပါ ငါအဲ့လောက်မစားပါဘူးဟ အစားစားရတာကြိုက်တာတော့ဝန်ခံတယ် ဒါပေမယ့်အဲ့လောက်မသောင်းကြမ်းပါဘူး မင်းကလည်း ချဲ့ပြောနေတယ်....... ဇေယျာ ငါအားမနာဘူးနော် ပွင့်ပွင့်လင်းလင်းမို့ ဟီးဟီး ဆိုပြီး ပါးစပ်နဲ့ ပန်းဂံနဲ့ကိုမခွာပဲ အတင်းသွတ်တော့တာပဲ...... ဒါနဲ့ထမင်းစားပြီးတော့ ရှားထက်ရဲ့ပါးစပ်မှာ ထမင်းလုံးပေနေတယ်.... ဇေယျာအဲ့ဒါကိုမြင်သွားတယ်..... ရှားထက် မင်းပါးစပ်မှာ ထမင်းလုံးကပ်နေတယ်.... ဟင်ဘယ်နားလဲ..... ဒီဘက်ဒီဘက်..... ဒီဘက်လား.... မဟုတ်ဘူး အောက်နည်းနည်းချ..... ဒီနေရာလား.... မဟုတ်ဘူး အပေါ်နည်းနည်းပြန်တိုးဦး...... ဒီရာလား.... မဟုတ်ဘူး..... ဇေယျာလည်း စိတ်မရှည်တော့ပဲ ရှားထက်ရဲ့ပါးဘေးကိုကိုင်ပြီး သူ့ရဲ့ လက်မလေးနဲ့ ထမင်းစိလေးကို အသာအယာ ဖယ်ပေးလိုက်တယ်....... ရှားထက်လည်း စိတ်ထဲမှာ ထူးထူးခြားခြားခံစားလိုက်ရတယ် မှင်သက်နေတာပေါ့...... ထမင်းလုံးလည်းဖယ်ပြီးတော့ ဇေယျာက ဒီမယ် ထမင်းလုံး..... အော် ဇေယျာ ကျေးဇူးပဲနော် ဆိုပြီး ရှက်သံလေးနဲ့ပြောလိုက်တယ်..... ရှိုင်းထက်ဦးလည်း ထမင်းချိုင့်သွားထားရာကနေပြန်လာခဲ့တယ်...... မင်းတို့တွေဘာတွေပြောနေတာလည်းဟ ငါ့ကိုမစောင့်ပဲ..... ရှားထက်က ဟာ ဘာမှမပြောပါဘူး ဒီလိုပဲထိုင်နေကြတာ..... အော်အေးအေး ကျောင်းတက်တော့မယ် စာအုပ်တွေထုတ်ထားကြတော့..... အေးပါ..... ဒီလိုနဲ့ ကျောင်းတက်ခေါင်းလောင်းသံထိုးခဲ့တယ်...... ညနေစောင်းရောက်တော့ ကျောင်းဆင်းပါလေရော...... ရှားထက်စာအုပ်တွေသေချာသိမ်းပြီး ဇေယျာ့ကိုစောင့်နေတယ်.... ဇေယျာ ငါတို့အတူတူပြန်မယ်လေ........ ဟင်ရပါ့မလား ငါကတစ်ယောက်တည်းပဲအေးအေးဆေးဆေးပြန်တတ်လို့.... ရပါတယ် သူငယ်ချင်းတွေပဲ လိုက်ခဲ့ပါ ဆိုပြီး ရှားထက်ကအတင်းဆွဲခေါ်တယ်.... အေးအေး ငါလိုက်ခဲ့မယ်.... သူငယ်ချင်းသုံးယောက် အတူတူပြန်ကြတာပေါ့ ကျောင်းပေါက်ဝရောက်မှ ကိုယ်စီကိုယ်ဆီ သက်ဆိုင်ရာလမ်းတွေကို ခွဲခွာသွားရတယ်.... ညနေစောင်းနေဝင်တယောအချိန်လေးမှာပေါ့ ရှားထက်လည်းပျော်ပျော်နဲ့ အိမ်ပြန်ခဲ့တယ်...... ဇေယျာလည်း ကျောင်းကအဖြစ်အပျင်လေးတွေကိုပြန်တွေးပြီး ခိုးရယ်နေမိတာပေါ့...... ဒီလိုနဲ့ရှားထက်အိမ်ပြန်ရောက်တော့ သားပြန်လာပြီလား မေမေစောင့်နေတာ ဒီနေ့ရောအဆင်ပြေလား..... ပြေပါတယ်မေမေ.... ဟုတ်လား သားလေးအဆင်ပြေရင်ပြီးတာပဲ..... ဒါနဲ့မေမေ့ကိုပြောရဦးမယ် ဟိုတစ်နေ့ကပြောဖူးတယ်လေ ဇေယျာဆိုတာ...... အေးသိတယ်..... သူနဲ့ခုသားနဲ့သူငယ်ချင်းဖြစ်သွားပြီ.... ဟေဟုတ်လား ဘယ်လိုဖြဖစ်သွားတာလည်း...... ဒီလိုပါ သားကသူ့ကိုသားတို့အပြင်အခြားသူငယ်ချင်းမရှိဘူးလားလို့မေးတော့ မရှိဘူးတဲ့ သူကဘယ်သူနဲ့မှအပေါင်းအသင်းလုပ်ခဲ့တာမဟုတ်ဘူးတဲ့ သူပါသူအေးအေးဆေးဆေးနေတာတဲ့ အဲ့လိုပြောတော့ သူကသူ့ကို မင်းအထီးကျန်မှာပေါ့ဘို့ပြောလိုက်တော့ သူက မင်းငါ့ကိုသနားနေတာလားတဲ့ ငါကသနားစရာလူဖြစ်နေတာလားတဲ့ သားကအဲ့လိုသဘောမျိုးနဲ့ပြောတာမဟုတ်ပါဘူး သူကအဲ့လိုထင်သွားတယ် သားလည်းပြန်ရှင်းပြတာပေါ့ သူသားကိုစိတ်ဆိုးပြီး အတန်းထဲကထွက်သွားတယ် ကျောင်းတက်တဲ့အထိပြန်မလာဘူး သားလည်းအရမ်းစိတ်ပူသွားပြီး နောက်တစ်ချိန်ကြခိုးထွက်ပြီး သူ့ကိုသွားရှာတယ် နောက်ဆုံးကြသူ့ကိုတွေ့ပြီး တောင်ပန်ရတာပေါ့ အဲ့လိုနဲ့ပြေလည်ပြီး သူငယ်ချင်းဖြစ်သွားကြတာ...... အော် မေမေသိပြီ နားလည်ပါတယ် မေမေတို့လည်ီးဘဝတွေကိုဖြတ်သန်းလာရတာ သူ့မှာသူငယ်ချင်းတော့ရှိရမှာပါ မရှိဘူးဆိုတာတော့မဖြစ်နိုင်ဘူး သူမှာကိစ္စတစ်ခုခုရှိလို့နေမှာပါ ကဲပါ သူနဲ့သူငယ်ချင်းဖြစ်သွားတော့လည်းကောင်းပါတယ် သူ့ရဲ့သူငယ်ချင်းကောင်းဖြစ်အောင်နေနော်..... ဟုတ်မေမေ သားနားလည်ပါတယ်..... ငါ့သားလေးကလိမ္မာလိုက်တာ ဆိုပြီး ရှားထက်အမေက ရှားထက်ကိုခေါင်းလေးပွတ်လိုက်တယ်..... သားလာထမင်းစားတော့ ဟင်းတွေအေးကုန်လိမ့်မယ်..... ဟုတ်မေမေ.... ရှားထက်တို့ထမင်းစားပြီး ညအိပ်ရာဝင်တော့တာပေါ့...... ဇေယျာက်အိမ်ပြန်ရောက်တော့ ပျော်ပျော်ရွှင်ရွှင်ပါပဲ သူအဖေကအိမ်ရောက်နေတယ်လေ ဆိုဖာပေါ်မှာထိုင်ပြီး Ipad ပွတ်နေတယ် ဇေယျာက သူ့အဖေရှေ့ကနေဖြတ်သွားတယ်..... ဟျောင့် မင်းအဖေပြန်ရောက်နေတာကို မင်း နှုတ်မဆက်ဘူးလား.... ဇေယျာလည်း မချိမငန်အပြုံးနဲ့ အဖေဒီလာတာဘာဆန်းလဲ ဒီကိုလာဂရုစိုက်စရာလည်းမလိုဘူး ကိုယ့်ပါသူကိုယ်အေးအေးဆေးဆေးနေပါ...... ဘာမင်းမင်းအဖေကိုဘယ်လိုပြောလိုက်တာလဲ...... ဇေယျာ့အဖေဒေါသထွက်သွားတယ်.... ကျွန်တော်ဘာမှားလို့လဲ အဖေ့ကိုမပင်ပန်းအောင်လို့ပြောနေတာလေ အဖေလက်မခံချင်လည်းနေပါ ကျွန်တော်နဲ့မဆိုင်ဘူးလေ....... မင်းငါ့ကိုအမြပြန်ပြန်ပြောတယ် မင်းလိုသားမိုက်ငါ့မှာမရှိဘူး...... ဟုတ်လား သားမှာလည်း အမေ့ကိုသစ္စာဖောက်တဲ့အဖေမျိုးမရှိဘူး...... မင်းမင်း..... ဇေယျာ့အဖေဘာမှမပြောနိုင်တော့ဘူး ဘာလို့လဲဆိုတော့ သူက မယားငယ်ရှိတာကို...... အေးမင်းပြောထားဦးပေါ့ ငါမနက်ဖြန် အင်ကလန်မှာမင်းအမေကိုသွားတွေ့မလို့ လာပြောတာ....... ဟုတ်လား သေချာလေးဂရုစိုက်ပေးလိုက်ပါဦး.....ဆိုပြီး အပေါ်ကို ဇေယျာချက်ချင်းတက်သွားလိုက်တယ်..... သူ့အဖေကတော့ ဒေါသနကျန်ခဲ့တာပေါ့...... ဇေယျာ ကကိုယ်လက်သပ်ပြီး အိပ်ရာပေါ် ဒုန်းကနဲ လှဲချလိုက်တယ်...... သူတွေးနေတာပေါ့ နေ့လည်ကုဖစ်ပျက်ခဲ့တဲ့အကြောင်းလေး ရှားထက် သူ့လက်ကိုကိုင်လိုက်တော့ဖြစ်လာတဲ့ခံစားချက်ကိုသူပြန်စဉ်းစားနေတယ်......."ငါဘာလို့ အဲ့လိုခံစားရပါလိမ့် သူ့လက်ကလေးကလည်းနူးညံ့နေတာပဲ တကယ့်ကိုမိန်းကလေးလက်လေးကြလို့ သူရဲ့အထိအတွေ့မှာ ငါကြည်နူးနေတယ် ဘယ်လိုဖြစ်တာပါလိမ့်....'' ဇေယျာနားမလည်ခဲ့ဘူး ဒီလိုနဲ့ပဲတွေးရင် အိပ်ပျော်သွားတယ်.......