16.

3.5K 203 47
                                    

"Hyung... ကျနော်တို့သွားတော့မယ်နော်
ကိုယ့်ကို ကိုယ်လည်းဂရုစိုက်ဦးနော်hyung "

"ပေါက်စနကများ ဆရာလုပ်နေတယ်..ငါကိုယ့်ကို ကိုယ်အရမ်းချစ်တယ် မင်းမပြောလည်းဂရုစိုက်ပြီးသား "

ခုနက ကြင်နာမှုတွေပင် Taehyung ဆီမှကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်

သောက်မြင်ကပ်ဖို့ကိုကောင်းတယ်

"ဘာပေါက်စနလဲ သူ့ထက်အရပ်ရှည်တဲ့သူကိုများ လာပြီး "

[😆 ချစ်တယ်နော် မကျိ 😗 ]

Taehyung ဘေးနားမှ ရီသံသေးသေးလေး ထွက်လာသည်

Yoongi Taehyung ဆီမှအကြည့်လွှဲကာ တစ်ယောက်သော သူသို့ မျက်မှောင်ကြီးကြုန့်ကြည့်လိုက်သည်

"ဘာလဲ !! ဘာကိစ္စ ဘုကြည့်လာကြည့်နေတာလဲ !! "

အာကျယ်အာကျယ်ပြောနေသော ထိုအသံပိုင်ရှင်မှာ နှစ်ယောက်မဟုတ်သော Park Jimin

"Taehyung မင်း Seoul ပြန်ရောက်ရင် သူ့ အားဆေးလေး ဘာလေးတိုက်လိုက်ဦး အရပ်ကလည်းပုသေး "

"ခင်ဗျား မိုက်ရိုင်းလှ ချည်လား ခင်ဗျား နဲ့ ကျုပ်က ဘယ်လောက်မှမကွာဘူးနော် "

မနေနိုင်တော့ ကြားထဲက ဝင်တားရသည်က Taehyung ပင်

"မင်းတို့ရန်ပွဲကို မင်းတို့ ရည်းစားဖြစ်ပြီးမှ အိပ်ယာထဲမှာ ဆက်ရှင်း ကားပေါ်မှာ လူနာစောင့်နေတယ် okay? "

ပြောပြီးပြီးချင်း တစ်ချိုးတည်းကားဘက်သို့လမ်းလျှောက်သွားသော Taehyung အား Jimin ခေါင်းငုံ့လျက် ပွစိပွစိပြောမိသည်

"ဟွန့် မသိရင် ခက်မယ် သူ့သခေါကောင် စောင့်နေရမှာ စိုးလို့ ငါ့ကို အဘိုးကြီးနဲ့ ပတ်ပတ်စတ်စတ် ပြောသွားတာ "

Jimin ခေါင်းပြန်ထောင်လာတော့ သူ့ကို ထောင့်မကျိုးသည့်ပုံဖြင့်ကြည့်နေသော သူ့အားတွေ့လိုက်ရသော အခါ ချက်ချင်း အကြည့်လွှဲမိသည်

" အဟမ်း...သွားပြီ နော် "

ချောင်းလေး တဟန့်ဟန့်ဖြင့် ပြောသော်လည်း ဟိုက တုတ်တုတ်ပင်မလှုပ်ပေ

" ကြွ ကြွ !! " ဆိုဘဲ

Jimin လည်း ဆောင့်ကြီးအောင့်ကြီးနဲ့ ကားဆီသွား၍ back seat တွင် ဝင်ထိုင်လိုက်သည်

Rebellious Love[KookV][REST]Where stories live. Discover now