5.9K 590 11
Zaw gyi version
အစ်ကိုပိစိသည် ကလေးလေးနှင့် တကယ်တူသည်။
ကျောင်းတူတူသွားရန် အစ်ကိုပိစိအား ခေါ်ဖို့ရာ
ပိစိအိမ်သို့ ကူးလာခဲ့မိ၏။
ပိစိ၏ ဖေဖေနှင့်မေမေက ထမင်းစားပွဲဝိုင်းတွင်
ထိုင်နေကြလျက်။
ပိစိဖေဖေက ကော်ဖီသောက်နေရင်းမှချကာ
"သား။ဟိုပိစိကောင်ကိုကျောင်းသွားဖို့ လာနိုးတာလား။"
"ဟုတ်တယ်။အန်ကယ်။"
"အေး။အေး။မင်းကတော့ စောစောနိုးချက်။ဟိုပိစိကောင်
ကတော့ အခုထိ အိပ်ရာကကိုမထသေးဘူး။
အပေါ်တက်သွားပြီးလို့ အဲ့ပိစိကို နိုးပြီးရင် ငါတို့နဲ့အတူ
မနက်စာ လာစားချေ။"
"ဟုတ်ကဲ့။အန်ကယ်။"
အစ်ကိုပိစိ၏အမေကတော့ ဘာမှဝင်မပြော။
အစ်ကိုပိုင်စစ်ဟန်၏ အိမ်ခေါ်နာမည်မှာလည်း ပိစိဘဲ
ဖြစ်သည်။ကျွန်တော် ပေးသော ပိစိ ဟူသော နာမည်ကို
သာ အလွယ်တကူ အိမ်ခေါ်နာမည်အဖြစ် ထားလိုက်ခြင်း
ပါပင်။
ကျွန်တော့်မိဘတွေနှင့် အစ်ကိုပိစိ ရဲ့မိဘများသည်
ငယ်ငယ်လေးကတည်းက ပေါင်းလာခဲ့ကြတာမို့
နှစ်အိမ်လုံးကို ကျွန်တော်နှင့်ပိစိမှာ ကြိုက်သလို
ဝင်ထွက် သွားလာနိုင်ကြပေသည်မို့။
အခု ကျွန်တော် မင်းစစ်ထွန်း မှာ အစ်ကိုပိစိ အိပ်ပုတ်လေး
ကို နိုးရန် အပေါ်သို့ တက်ရလေပြီ။
အခန်းတံခါးဘုကိုလှည့်ဖွင့်ပြီးနောက်
"အစ်ကို။ထတော့။ကျောင်းသွားရဦးမယ်လေ။"
အစ်ကိုပိစိသည် အိပ်ချင်မှုံဝါးဖြစ်နေသည့်ဟန်
"မေမေ။ငါးမိနစ်ဘဲလေနော်။ပြီးရင် ထပါ့မယ်။"ဟု
နှုတ်ခမ်းတစ်ထော်ထော်နှင့် ပြောနေသည်မှာ ကျွန်တော့်၏
သမာဓိအားကို စမ်းသပ်နေသည့်အလား။
နာရီကို လှမ်းကြည့်မိတော့ ၆ နာရီဘဲ ရှိသေးတာမို့
ငါးမိနစ်ကိုစောင့်လိုက်ပါမည်လေဟုတွေးပြီး အစ်ကိုပိစိ၏
အိပ်ရာသို့ ဝင်ပစ်လှဲချလိုက်၍ အစ်ကိုပိစိအား ကြည့်နေလိုက်သည်။