ပိစိအေၾကာင္းစတင္မိတ္ဆက္ျခင္း ပိစိအကြောင်းစတင်မိတ်ဆက်ခြင်း

19K 885 19
                                    

Zaw gyi version

တကယ္ဆို ကြၽန္ေတာ္ အမည္ေပးထားေသာ ပိစိသည္ တကယ့္ကို
ေသးေသးေကြးေကြးေလးပါ။

ကြၽန္ေတာ့္ထက္ အသက္ႀကီးသည္ေတာ့ ေျပာတာဘဲေလ။ ဟုတ္ေရာ
ဟုတ္ပါ့မလားဟု သံသယ ဝင္မိရသည္။

ဘာလို႔လဲသိလား?ခင္ဗ်ားတို႔ သူ႔ကို ျပန္သြားမေျပာနဲ႔ဦးေနာ္။

သူက ကြၽန္ေတာ့္ထက္ အရပ္ပုတ့ဲအျပင္ ခႏၶာကိုယ္လည္း ညႇက္ေန႐ွာတာေလ။

ေဟာ ဟိုမွာ ေျပာရင္းဆိုရင္းနဲ႔ ပိစိဟု ကြၽန္ေတာ္အမည္ေပးထားေသာ ပိုင္စစ္ဟန္
ေရာက္လာေလၿပီ။

"တစ္တြတ္တြတ္နဲ႔ ဘာေတြ ရြတ္ေနတာလဲ?အ႐ူးေကာင္။"

ေတြ႕လား။စလာတာနဲ႔ ကြၽန္ေတာ့္ကို ဖ့ဲမယ္ ဆိုတာခ်ည္းဘဲ!

"ဘာမွမဟုတ္ပါဘူး။ပိစိ အယ္ေလ အစ္ကိုရာ။"ပိစိ ဟုေခၚမိေတာ့ လက္သီး
ဆုပ္ျပသည့္ အစ္ကို႔ေၾကာင့္ အလ်င္အျမန္ ေျပာင္းေခၚလိုက္ရပါ၏။

ပိစိသည္လူသာအေကာင္ေသးေသာ္လည္း အားကေတာ့မေသး။

သူထုတာဆို ေက်ာျပင္မွာ အီစိမ့္သြားရေလာက္ေအာင္ စြမ္းေပသည္။

အ့ဲဒါကို စစေတြ႕ခ်င္းတုန္းက ခံခ့ဲရၿပီးၿပီ။

အင္း။ပိစိနဲ႔ စေတြ႕ေသာရက္။

ေက်ာင္းဖြင့္တုန္းက ထင္ပါသည္။

ေက်ာင္းစစတက္ခ်င္းတုန္းက ပိစိသည္ သူ႔ေမေမနားတြင္
ေခါင္းေလးတစ္ညိမ့္ညိမ့္ ႏွင့္ ဘာေတြညိမ့္လို႔ညိမ့္ေနမွန္း မသိ။

ကိုယ္ကလည္း ကိုယ္ပါပင္။ မသိေသာ္ျငားလည္း ပိစိကို အသည္းယားမိရတာမို႔
မေနႏိုင္မထိုင္ႏိုင္ သြားစမိတာ။

အ့ဲပိစိေကာင္ေပါ့။သူေဆာ့ေနေသာ ေဘာလံုးႏွင့္ ပစ္ေပါက္လိုက္ရာ ကိုယ္ဘဲ
ေက်ာနာသြားရသည္။

အင္း။အခုေတာ့ သိပ္လက္သံမေျပာင္ေတာ့၍ ေတာ္ေသး။

ဒါေတာင္ ပိစိ ဟုေယာင္ေခၚမိလွ်င္ေတာ့ အ့ဲေန႔ေတာ့ ကိုယ့္ရဲ႕ေသေန႔ပင္။

ေက်ာကုန္းကို အထုခံရတာဆိုသည္မွာ အဆုတ္ပင္ ကြာမတတ္။......

[A/N-မဂၤလာပါ။ကြၽန္ေတာ့္ fic ေလးကို ႀကိဳက္တယ္ဆိုရင္ vote ေတြစြန႔္ၾကဲေပးသြားပါခင္ဗ်။
Cmt ေလးေတြလည္း မန႔္ေပးၾကပါဗ်။ဒါမွ ဘယ္ေနရာ အေရးအသား လိုသလဲ
ဆိုတာ သိႏိုင္မွာမို႔ပါ။စစခ်င္းေရးတ့ဲ မေကာင္းမကန္းေလးကို ဖတ္ေပးသြားတယ္
ဆိုရင္ေတာင္မွ ေက်းဇူးတင္ပါတယ္]

Unicode version

တကယ်ဆို ကျွန်တော် အမည်ပေးထားသော ပိစိသည် တကယ့်ကို
သေးသေးကွေးကွေးလေးပါ။

ကျွန်တော့်ထက် အသက်ကြီးသည်တော့ ပြောတာဘဲလေ။ ဟုတ်ရော
ဟုတ်ပါ့မလားဟု သံသယ ဝင်မိရသည်။

ဘာလို့လဲသိလား?ခင်ဗျားတို့ သူ့ကို ပြန်သွားမပြောနဲ့ဦးနော်။

သူက ကျွန်တော့်ထက် အရပ်ပုတဲ့အပြင် ခန္ဓာကိုယ်လည်း ညှက်နေရှာတာလေ။

ဟော ဟိုမှာ ပြောရင်းဆိုရင်းနဲ့ ပိစိဟု ကျွန်တော်အမည်ပေးထားသော ပိုင်စစ်ဟန်
ရောက်လာလေပြီ။

"တစ်တွတ်တွတ်နဲ့ ဘာတွေ ရွတ်နေတာလဲ?အရူးကောင်။"

တွေ့လား။စလာတာနဲ့ ကျွန်တော့်ကို ဖဲ့မယ် ဆိုတာချည်းဘဲ!

"ဘာမှမဟုတ်ပါဘူး။ပိစိ အယ်လေ အစ်ကိုရာ။"ပိစိ ဟုခေါ်မိတော့ လက်သီး
ဆုပ်ပြသည့် အစ်ကို့ကြောင့် အလျင်အမြန် ပြောင်းခေါ်လိုက်ရပါ၏။

ပိစိသည်လူသာအကောင်သေးသော်လည်း အားကတော့မသေး။

သူထုတာဆို ကျောပြင်မှာ အီစိမ့်သွားရလောက်အောင် စွမ်းပေသည်။

အဲ့ဒါကို စစတွေ့ချင်းတုန်းက ခံခဲ့ရပြီးပြီ။

အင်း။ပိစိနဲ့ စတွေ့သောရက်။

ကျောင်းဖွင့်တုန်းက ထင်ပါသည်။

ကျောင်းစစတက်ချင်းတုန်းက ပိစိသည် သူ့မေမေနားတွင်
ခေါင်းလေးတစ်ညိမ့်ညိမ့် နှင့် ဘာတွေညိမ့်လို့ညိမ့်နေမှန်း မသိ။

ကိုယ်ကလည်း ကိုယ်ပါပင်။ မသိသော်ငြားလည်း ပိစိကို အသည်းယားမိရတာမို့
မနေနိုင်မထိုင်နိုင် သွားစမိတာ။

အဲ့ပိစိကောင်ပေါ့။သူဆော့နေသော ဘောလုံးနှင့် ပစ်ပေါက်လိုက်ရာ ကိုယ်ဘဲ
ကျောနာသွားရသည်။

အင်း။အခုတော့ သိပ်လက်သံမပြောင်တော့၍ တော်သေး။

ဒါတောင် ပိစိ ဟုယောင်ခေါ်မိလျှင်တော့ အဲ့နေ့တော့ ကိုယ့်ရဲ့သေနေ့ပင်။

ကျောကုန်းကို အထုခံရတာဆိုသည်မှာ အဆုတ်ပင် ကွာမတတ်။......

[A/N-မင်္ဂလာပါ။ကျွန်တော့် fic လေးကို ကြိုက်တယ်ဆိုရင် vote တွေစွန့်ကြဲပေးသွားပါခင်ဗျ။
Cmt လေးတွေလည်း မန့်ပေးကြပါဗျ။ဒါမှ ဘယ်နေရာ အရေးအသား လိုသလဲ
ဆိုတာ သိနိုင်မှာမို့ပါ။စစချင်းရေးတဲ့ မကောင်းမကန်းလေးကို ဖတ်ပေးသွားတယ်
ဆိုရင်တောင်မှ ကျေးဇူးတင်ပါတယ်]

ကြၽန္ေတာ့္ရဲ႕ ပိစိေလး ကျွန်တော့်ရဲ့ ပိစိလေး (Complete)Onde histórias criam vida. Descubra agora