💕အချစ်ဆိုသည်မှာ💕(အပိုင်း-၄)

876 71 2
                                    

နယူးလေးကအံ့ သြပြီး ကြောင်ကြည့် နေစဉ်မှာပဲ...

Tay "ဟေ့ ကောင်နယူး မင်းရုပ်ကြီးကလဲဘာဖြစ်သွားတာလဲကွ ဘာလဲငါကမင်းနဲ့ ဘယ်လိုအိပ်မယ်ထင်သွားတာလဲ"
(တေးတစ်ယောက် နယူး၏မျက်နှာနားသို့ ကပ်ပြီး စနေခြင်းပင်...)

New"ငါကဘယ်လိုထင်ရမှာလဲကွ ဘယ်လိုမှမထင်ဘူး
မင်းဝင်မှာမလား ဝင်မှာဖြင့် ဝင်ခဲ့ လိုက်တော့ "
(နယူးတစ်ယောက်မျက်နှာပူပူနှင့် ပြောပြီးတာနဲ့ ကုတင်ပေါ်ထိုင်ပြီးဂိမ်းဆော့ နေတော့ သည် နှုတ်ခမ်းလေးကဆူပြီးစိတ်ကောက်သွားသည်မှာအင်မတန်မှချစ်ဖို့ ကောင်းနေတော့ သည်)

အဲ့ ခါကျမှ တေးတစ်ယောက်နယူးစိတ်ဆိုးသွားပြီလားဆိုပြီး...
Tay"နယူးးးး နယူးးး"

"ငါ့ ကိုစကားမပြောဘူးပေါ့ ဟုတ်လား"

New"နားညီးတယ်ကွာ မင်းငါ့ အခန်းမှာလာအိပ်တာမလားပါးစပ်ပိတ်ပြီးအိပ်တော့ "

Tay"မင်းစိတ်ဆိုးနေတာ ငါဘယ်လိုအိပ်ရမှာလဲကွ"

New"အော်...အာ့ ဆိုလဲငါ့ ကိုဘာလို့ စနေသေးလဲ
ကမ်းခြေမှာထဲက ငါမင်းကိုသိပ်ကြည်သေးတာမဟုတ်ဘူးနော်တေး အာ့ ကိုအခုငါ့ ကိုထပ်စတော့ ငါမင်းနဲ့ စကားပြောချင်ပါ့ မလား😑"

Tay"နယူးးး ငါတောင်းပန်ပါတယ်ကွာ နော်
နောက်မဖြစ်စေရဘူး ဒီဘက်လှည့် ပါဦး...
ငါတကယ်တောင်းပန်နေတာလေကွာ နယူးးးးးးး"
(အဲ့ လိုပြောရင်း နယူးရဲ့ ပခုံးနှစ်ဖက်ကိုကိုင်လှည့် လိုက်ရာ...)

New"အားးးသေပါပြီ နာလိုက်တာ"

Tay"နယူး မင်းဘာဖြစ်တာလဲ ငါ့ ကိုပြဦး
ဟာ...မင်းပခုံးနှစ်ဖက်လုံးနီရဲနေတာပဲ ဒါ...ဒါငါကြောင့် ဖြစ်ရတာပေါ့ "

New"ဟုတ်တယ်မင်းကြောင့် ပဲလေ ငါ့ ရဲ့ အသားနုနုလေးအခုတော့ နီနေတာ မင်းလက်ကြီးဖယ်စမ်း ငါဆေးလိမ်းထားပြီးသား..."

Tay"ဟုတ်ပါပြီ ငါမင်းကိုထိခိုက်အောင်လုပ်လိုက်မိတာပဲ
ငါတော်တော် မကောင်းတဲ့ ကောင်ပါကွာ"
အဲ့ လိုပြောရင်းတေးကခေါင်းလေးငိုက်စိုက်ခါ တကယ်ကိုစိတ်မကောင်းတဲ့ ပုံလေးနဲ့ ပေါ့ ...

💕အချစ်ဆိုသည်မှာ...💕Nơi câu chuyện tồn tại. Hãy khám phá bây giờ