💕အချစ်ဆိုသည်မှာ💕(အပိုင်း-၅)

907 70 3
                                    

"နယူးးးငါမေးတာကို အမှန်တိုင်းဖြေနော်"

"အင်းးမေးမှာသာမေး"

"မင်းးဘာလို့ ငါ့ အပေါ်ဒီလောက်ကောင်းရတာလဲ...
ငါ့ နေရာမှာ အခြားသူဆိုရင်ရောမင်းဒီလိုပဲဂရုစိုက်ပေးမှာလား..."
တေးရဲ့ အမေးကြောင့် ရုတ်တရက်မျက်တောင်လေးပုတ်ခက်ပုတ်ခက်ဖြင့် နယူးဘာဖြေရမှန်းမသိဖြစ်သွားသည်...

"နယူးးးးနယူးးဘာလို့ငါ့ ကိုကြောင်ကြည့် နေတာလဲ
ငါမေးတာဖြေဦးလေ"

အဲ့ ချိန်မှအလျင်မြန်မျက်နှာကိုတည်လိုက်ပြီး...
"သေချာတာပေါ့  မင်းကငါ့သူငယ်ချင်းလေ တကယ်လို့ မင်းနေရာမှာ Panဆိုရင်လဲငါဒီလိုပဲ လုပ်ပေးမှာ...
ဒါများအရေးလုပ်ပြီးမေးနေသေးတယ် ငါကဘာများလဲလို့ "😅

"နယူးးးဒါမင်းရဲ့ စိတ်ရင်းအမှန်ပဲလား "

"ဟုတ်တယ် အမှန်ပဲ..."
တေးကြားချင်တဲ့ အဖြေမဟုတ်တဲ့ အတွက် တေးတကယ်ကိုစိတ်မကောင်းဖြစ်သွားသည် ထို့ ကြောင့် ချက်ချင်းပင်နယူးရဲ့ လက်ကိုလွှတ်ပေးလိုက်ကာ...

"ရပြီ...မင်းရေချိုးရဦးမှာမလား သွားချိုးတော့ 
ငါလဲ အဝတ်စားလဲပြီးနားချင်ပြီ"😪
^*********************************************^
ရေချိုးခန်းထဲတွင်ဖြစ်သည်...
နယူးတစ်ယောက် ရေချိုးခန်းတံခါးကိုမှီကာမျက်လုံးမှိတ်ရင်း...
"တေးးမင်းငါ့ အပေါ်ဒီလိုတွေဘာလို့ လုပ်နေလဲငါမသိဘူး
ဒါမဲ့ မင်းကြောင့် ငါ့ စိတ်တွေအခုရှုပ်ထွေးနေရပြီ😓"

ကျွန်တော်ဘာလို့ သူမေးသမျှကိုဖြေစရာလိုနေတာလဲမသိသလို ကျွန်တော်ကိုယ်တိုင်တောင်အခုသူ့ အပေါ်စိတ်ရင်းအမှန်ကဘာလဲ ဝေခွဲမရဖြစ်နေမိပြီ...

နယူးရေချိုးနေတုန်းတေးကတော့ အဝတ်စားလဲပြီးကုတင်ပေါ်မှာနဖူးပေါ်လက်တင်ရင်း...

"ငါဘာလို့ ဝမ်းနည်းသလိုခံစားနေရတာလဲ ဘာလို့ နယူးအပေါ်ထူးဆန်းတဲ့ မေးခွန်းတွေမေးနေမိတာလဲ ...
ငါသူ့ ကိုအရမ်းခင်သွားတာထင်တယ်...ဟုတ်တယ်နယူးက
ငါ့ အပေါ်အရမ်းကောင်းလွန်းလို့ ငါသူ့ ကိုအရမ်းခင်သလို
သူအခင်ဆုံးကလဲ ငါပဲဖြစ်ချင်နေတာဟုတ်တယ်..."

တကယ်တော့ ကျွန်တော်လိုချင်တဲ့ အဖြေကိုနယူးဆီကမကြားရလိုက်ရသလို ကျွန်တော်ကိုယ်တိုင်လိုချင်တဲ့ အဖြေကိုလဲသေချာမသိသေးပါဘူး ဒါမဲ့ သေချာတာတစ်ခုကအခုချိန်မှာသူကကျွန်တော်အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပါ...
ခင်တာမကြာသေးပေမဲ့  သူ့ ရဲ့ နွေးထွေးတဲ့ ဆက်ဆံမှုကြောင့် 
ကျွန်တော်သံယောဇဉ်တွယ်နေမိတာတော့ အမှန်ပင်...

💕အချစ်ဆိုသည်မှာ...💕Tahanan ng mga kuwento. Tumuklas ngayon