La Luna စတင်ဖွင့်လှစ်ခြင်း

746 35 40
                                    

Hello, everyone~ ကိုယ်ကတော့ Al Lukar လို့ခေါ်ပါတယ်။ တချို့ကတော့ ကိုယ့်ကို ရေးလိုက်တင်လိုက် သိပ်လုပ်တဲ့လူအဖြစ် သိကြတယ် 🤣..

ကိုယ် စာမရေးဖြစ်တဲ့အတောအတွင်း cover တွေ စမ်းလုပ်ကြည့်ရင်း သူများတွေ ကာဗာဆိုင်လေးတွေ ဖွင့်ပြီး အောင်မြင်ကြတာတွေ တွေ့ရလို့ ကိုယ်လည်း ပိုးထလာတာနဲ့ ဖွင့်ကြည့်ခြင်းပါ။

ဆိုင်နာမည် "La Luna" ကတော့ ကိုယ့်ရဲ့ muse ကို ရည်ညွှန်းထားခြင်း (ဘယ်သူလဲတော့ ပြောပြလို့မရ 😝)။

ပထမဆုံးဖွင့်တဲ့ ကာဗာဆိုင်ဖြစ်တာမို့လို့ အတွေ့အကြုံနည်းပါသေးတယ်။ အော်ဒါတွေလည်း သိပ်ရဦးမှာ မဟုတ်သေးဘူး။ ဒါပေမယ့် ရောင်းဝယ်ဖောက်ကားရင်း နာမည်ကြီးလာမယ်လို့တော့ မျှော်လင့်တာပါပဲ။

ကိုယ်ကတိပေးနိုင်တာကတော့ အော်ဒါလာအပ်ရင်း အကောင်းဆုံးဖြစ်အောင်နဲ့ ပေးရတာနဲ့တန်အောင် လုပ်ပေးမယ်ဆိုတာပါပဲ။

✂ • ✂ • ✂

Cover Shop Rules ✏ ✏ ✏

- ဦးစွာအနေနဲ့ ကိုယ့်ကို follow လုပ်ရပါမယ်။

- အစကတည်းက ကြိုပြောထားချင်တာကတော့ အရမ်းအဆင့်မြင့်တာကြီးတွေ မလုပ်တတ်ပါလို့။ တော်ကြာ ယုံကြည်စွာနဲ့ လာအပ်ပြီး ကိုယ်မှန်းသလို မဖြစ်ရင် စိတ်ညစ်ရမှာစိုးလို့။

- နောက်ပြီး ကိုယ်သုံးတဲ့ app တွေက မြန်မာ font မရလို့ အင်္ဂလိပ်လိုပဲ လုပ်ပေးနိုင်ပါတယ်။

- ကာဗာဈေးကတော့ fic တစ်ခုအတွက် တစ်ထောင်ယူပါတယ်။

- Form ကို အစအဆုံး သေချာဖြည့်ပေးမှသာ ကာဗာလုပ်ပေးမှာ ဖြစ်ပါတယ်။ မပြည့်စုံတဲ့ဖောင်နဲ့ request လုပ်ရင် အဲဒီ request ကို ပယ်မှာပါနော်။

- တစ်ခါတရံမှာ ဝယ်သူတောင်းဆိုသမျှအကုန်လုံး လိုက်မလုပ်ပေးနိုင်တာတို့၊ ဝယ်သူထည့်ခိုင်းတာတွေထဲက တစ်ခုနှစ်ခုကျန်ခဲ့တာတို့ဆိုရင် ဗွေမယူပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။ တောင်းဆိုတာတွေ ထည့်ခိုင်းတာတွေက တစ်ခါတလေမှာ အဆင်မပြေတာတွေဖြစ်တတ်လို့ ဖြုတ်ထားခဲ့ရတာလေးတွေ ရှိတတ်ပါတယ်။ အကုန်မပါသော်လည်း ကာဗာကတော့ အလှဆုံးဖြစ်အောင် လုပ်ပေးမှာ ဖြစ်တဲ့အတွက် စိတ်ပူစရာမလိုပါဘူး။

La Luna | Cover Shop | [CLOSED]Where stories live. Discover now