Baby Boss-5

2.4K 215 21
                                    

Supermarket​ရှေ့မှာစက်​ဘီး​လေးကို
ဘေးတိုးရပ်​ပြီး​ဘေဘီကိုချီကာ
အထဲဝင်လိုက်​သည်​။

"​ဟူး....အခုမှပူတာသက်​သာသွားတယ်​"

နဖူး​ပေါ်က​ချွေးကိုသုတ်​ရင်း​ပြောလိုက်​​တော့
ပြူးပြူးတူးတူး​လေးကြည့်​​နေတဲ့​ဘေဘီ..

အသည်းယားလွန်းလို့ကိုက်​ပစ်​ချင်​ပင်​မဲ့
ထပ်​ငိုမှာဆိုး​သော​ကြောင့်​ မကိုက်​​တော့ပဲ
ဒီတိုင်းကြည့်​​နေမိ​တော့ သူ့လက်​တုတ်​တုတ်​​လေး
ဖြင့်​ကျွန်​​တော့်​မျက်​နှာကိုလာကိုင်​သည်​။

"Jong Jongဘာလို့​​ချွေး​တွေအများကြီးထွက်​​နေတာလဲ"

"ကိုကိုကစက်​ဘီးနင်းရ​တော့​ချွေးထွက်​တာ​ပေါ့​ဘေဘီရဲ့!ကဲ...အဲဒါထားလိုက်​​တော့။အခု​ရေခဲမုန့်​သွားစားကြရ​အောင်​​ဘေဘီ"

"ဟင့်​အင်း...​မေ​မေက​ပြောတယ်​၊အပူထဲကပြန်​လာရင်​​အေးတာ​တွေမစားရဘူးတဲ့"

"ဘာမှမဖြစ်​ဘူး​ဘေဘီ!ကိုကို​ပြောတာယုံ"

သူ့​ခေါင်း​လေးကိုပုတ်​ရင်း​ပြောလိုက်​​တော့
ကျွန်​​တော့်​ကို"Jong Jongသ​ဘော"
လို့​ပြောပြီးဟိုဘက်​လှည့်​သွားသည်​။

"​ဘေဘီ"

"....."

ဟင်း.....​ကောက်​​ပြန်​ပြီ။

ဘေဘီမျက်​နှာဆူပုတ်​​နေတာမကြည့်​ရက်​​တော့လဲ
့​ဒီကလူကြီးကပဲအ​လျော့​ပေးလိုက်​ပါတယ်​~~~

ဆူပုတ်​​နေတဲ့​ဘေဘီမျက်​နှာကိုဆွဲလှည့်​ပြီး
ပြူံးပြတော့​ကျွန်​​တော့်​ကိုမကြည့်​ပဲ
အောက်​ကိုငုံထားသည်​။

"​ဘေဘီကိုကိုခဏ​နေမှစား​တော့မယ်​​လေ​နော်
!အခုပုံပြင်​စာအုပ်ဘက်​သွားကြည့်​ကြမယ်​"

အဲ့​တော့မှဆူပုတ်​​​နေရာက​နေရယ်​ပြီး
ကျွန်​​တော့်​လက်​ထဲမှ​ပြေးဆင်းကာ
Book Storeထဲသို့ဝင်​သွားသည်​။

ဪ....ဒီက​လေးနဲ့​ချော်​လဲ​တော့မှာပဲ။

ရှေ့ကလုံးတုံးလုံးတုံး​ပြေးတဲ့​​ဘေဘီကို...
အ​နောက်​က​နေ​မှီ​အောင်​လိုက်​ပြီး​ဆွဲချီလိုက်​​တော့
ဘေးနားကလူ​တွေကကြည့်​​နေသည်​။

Baby Boss(Kaisoo Yaoi)Where stories live. Discover now