(ZawGyi Ver)
Ice landကပြန်လာပြီးကတည်းက
ကလေးငယ်ကအရင်ကထက်ပိုပြီး
ချွဲလာသည်။ အခုလဲKoreaမှာပဲ
ကျောင်းတက်ချင်သည်လို့ချွဲတာကြောင့်
ဖောင်ဖြည့်ပေးနေရတယ်။ ။ကျွန်တော်ကိုယ်တိုင်လဲဘေဘီ့ကိုဒီမှာပဲ
ကျောင်းတက်စေချင်သည်။ Englandကို
ပြန်မလွှတ်ချင်ဘူး။ အနေဝေးရင်သွေးအေးတက်
တယ်လေ။ ဘေဘီလိမ္မာမှန်းသိပင်မဲ့စိတ်မချဘူး ။
ဒီမှာဆိုအချိန်ပြည့်အနားမှာကျွန်တော်စောင့်ရှောက်
နိုင်သည်။ ကလေးငယ်ကိုကျွန်တော့်မျက်စိရှေ့က
အပျောက်မခံနိုင်လောက်တဲ့အထိကိုချစ်နေပြီ။ ။"ဖောင်သွားထပ်ရအောင်
ဘေဘီ!! ထတော့""ဟုတ်"
လွယ်အိတ်လေးကိုပိုက်ရင်းထလာသည့်ဘေဘီ
ကြောင့်ချစ်မြတ်နိုးစွာဆံပင်လေးကိုဆွဲဖွလိုက်တော့
နှုတ်ခမ်းဆူပြီးသူ့ဆံပင်သူပြန်ပြင်နေသည်။လက်သေးသေးလေးကိုဆုပ်ကိုင်ရင်း
ဖောင်ထပ်မလို့သွားနေတုန်းပုရွက်ဆိတ်လို
ကြပ်ပိတ်ညပ်နေသည့်လူအုပ်ကြီးကြောင့်
မျက်လုံးတောင်ပြာသွားသည်။ကျောင်းဖွင့်ရက်မလို့လူများတယ်ထင်ပါ့!!
အဲ့ကြားထဲကိုဘေဘီ့ကို
ခေါ်သွားလို့တော့မဖြစ်..။ ။"ဘေဘီဟိုဘက်မှာစောင့်နေ!! ကိုကိုထပ်ပြီး
လာခဲ့မယ်!! ဘယ်မှမသွားနဲ့နော်!! ဘယ်သူ့ကိုမှလဲ
စကားသွားမပြောနဲ့"အစအဆုံးသေချာမှာပြီးမှလူကြားထဲတိုးဝင်လိုက်
သည်။ အားကြီးသူမလို့ခဏအတွင်းမှာရှေ့ဆုံး
ရောက်သွားသည်။ ကြားဖြတ်လို့မျက်စောင်း
ထိုးနေတဲ့လူတွေကိုမသိချင်ယောင်ဆောင်!!
ဆရာမကိုမျက်နှာလုပ်!! ကျွန်တော်ကျောင်းအပ်
တုန်းကတောင်အဲ့လောက်အပင်ပန်းမခံခဲ့!!"Do kyungsoo"
နာမည်ခေါ်တာကြောင့်လက်ထောင်ပြီး
ထပ်မံတိုးဝေ့ကာကျောင်းသားကဒ်လေးကို
ယူလိုက်သည်။ ကိုကို့ကလေးငယ်က
ဓာတ်ပုံထဲမှာတောင်ချစ်ဖို့ကောင်းလိုက်တာ
ကြည့်ပါဦး...ပါးဖောင်းဖောင်းလေးတွေက...
ကိုက်ချင်စရာလေးတွေ...
YOU ARE READING
Baby Boss(Kaisoo Yaoi)
RomanceDo kyungsoo:Jong Jong!! Kim jongin:ကျစ်.....Jong Jongမဟုတ်ဘူး!ကိုကိုပါဆိုဘေဘီရာ!! ( ZawGyi + Unicode ) Do kyungsoo:Jong Jong!! Kim jongin:က်စ်.....Jong Jongမဟုတ်ဘူး!ကိုကိုပါဆိုဘေဘီရာ!!