ချစ်ခဲ့ဖူးသည် သို့ရာတွင်...

124 9 14
                                    

အချိန်​ကား ညကိုးနာရီ။

အပြင်​တွင်​ တဖွဲဖွဲကျ​နေ​သော မိုးစက်​​လေးများအား လွမ်း​မောစွာ တစ်​ချက်​ကြည့်​လိုက်​ရင်း အသာ​လေး ​ခေါင်းခါယမ်းမိသည်​။

ထိုသူ.. သူမကိုရက်​စက်​ကာ စွန့်​ပစ်​သွားရက်​သည့်​ ထိုသူ့ကိုဘာ​ကြောင့်​ အခုထိသတိရ​နေမိသည်​ကို သူမမသိ။ နည်းမျိုးစုံဖြင့်​ ​မေ့ထုတ်​ပစ်​နိုင်​ရန်​ကြိုးစားခဲ့​သော်​လည်း ရင်​ဘတ်​၏ အနက်​ရှိုင်းဆုံး​နေရာတွင်​​နေရာ ယူထားသူအား ​မေ့ပစ်​ဖို့အလွန်​ခက်​ခဲခဲ့သည်​။ ယခုထိလည်း မ​မေ့နိုင်​​သေး။

နှုတ်​ခမ်းပါးအား ခပ်​နာနာကိုက်​ရင်း ဆိုင်​တံခါးကိုအသာပိတ်​လိုက်​သည်​။ ​သော့ခတ်​ထားသည်​များအား ​သေချာစွာ စစ်​​ဆေးရင်း ဆိုင်​အ​ပေါ်ထပ်​ရှိ သူမ၏ ကိုယ်​ပိုင်​နိဗ္ဗာန်​ဘုံ (တစ်​နည်း) အိမ်​ဟုယူဆ၍ရ​သောအလွှာ​လေးသို့ တက်​သွားလိုက်​သည်​။

အခန်းတွင်းရောက်သောအခါ အိပ်​ရာ​ပေါ်ဘေးတစ်​​စောင်းထိုင်​ရင်း ပြတင်း​ပေါက်​ကိုခပ်​​ဆွေး​ဆွေးလှမ်းကြည့်​မိသည်​။ သူက မိုးစက်​များကိုချစ်​သည်​တဲ့​လေ။ မ​မေ့နိုင်​မဲ့အတူတူ ခနတဖြုတ်​​တော့လွမ်းခွင့်​​ပေးလိုက်​ပါမည်​​လေ။ တစ်​နှစ်​​ကျော်​ ကာလပတ်​လုံး လွမ်းဆွတ်​ခဲ့ရပြီးပြီပဲ။ယခုအချိန်လေးတော့ မိုးစက်လေးများနှင့်အတူ အလွမ်းအား ခံစားနေလိုက်သည်။

**************************
လွန်​ခဲ့​သောနှစ်နှစ်​ခွဲခန့်​က

"မနှင်းရိပ်​လွှာလားမသိဘူးဗျ။ ကျွန်​​တော့်​ကို အကို​လေးက မမ​လေးကိုလာကြိုဖို့ လွှတ်​လိုက်​တာပါ"

"​အော်​...ကို​လေးလွှတ်​လိုက်​တဲ့အကိုလား? ကို​လေးက ​ဆေးရုံမှာ ဂျူတီဝင်​​နေရလို့လား အကို။"

"အ​ရေးကြီးတဲ့လူနာ​ရောက်​လာလို့ဆိုတာပဲ မမ​လေး​ရေ"

လာကြို​သောအကို​ပြောစကားအားခွန်းတုန့်​မပြန်​​တော့ဘဲ ​ခေါင်းအသာငြိမ့်​ပြရင်း ကားထဲဝင်​ထိုင်​လိုက်​သည်​။ ပိတ်​ရက်​လည်းဖြစ်​​သော​ကြောင့်​ ​ခေတ္တအနားယူရန်​စဉ်းစားမိပြီး အကိုတာဝန်​ကျရာ ကယားပြည်​​လေးသို့ ​ရောက်​ရှိလာခြင်း။

ချစ်ခဲ့ဖူးသည် သို့ရာတွင်...Where stories live. Discover now