အစ်ကိုရေ ညီမတို့ ရန်ကုန်မှာ မိုးတွေ ရွာနေပြီ
ညီမက မိုးရွာတာကို အရမ်းမုန်းတာ ဘာလို့ဆို မိုးရွာ
ပြီးရင် ရွှံ့တွေ ဗွက်တွေနဲ့ သွားရလာရတာ အဆင်မပြေ
လို့ ဒါပေမဲ့ ညီမ အခုပြောင်းလဲသွားပြီ အစ်ကို ။မိုးအမြဲတမ်းရွာပါစေ လို့ဆုတောင်းနေမိတယ် မိုးရွာ
ပြီးရင်ကျန်ခဲ့တဲ့ မြေသင်းနံ့ လေးကို အရမ်းကြိုက်တယ်
မိုးမရွာခင် လေတွေတဖြူးဖြူး တိုက်နေတာကိုလည်း
သဘောကျတယ် အကြိုက်ဆုံးကတော့ ဒီလို မိုးရွာ
နေချိန်မှာ အစ်ကို တို့ရဲ့ Beautiful Movie ver
ကိုကြည့်ရတာပဲ မိုးရွာထဲမှာ ပြန်တွေ့ပြီး နှစ်ဦးသား
ဖက်လိုက်တဲ့ scene လေးက ခုချိန် ကြည့်ရင် ညီမ
ငိုနေရတယ် အစ်ကို။မိုးရာသီဖြစ်တဲ့ June လ မှာ ထွက်ခဲ့တဲ့ အစ်ကိုတို့ရဲ့
Undivided album လေးကလည်းခုချိန်ပြန်
နားထောင်ရင် လွမ်းဆွေးမိမှာပဲ အစ်ကို ။August 7 ရက်ရောက်ရင် ညီမ တစ်နေကုန်
ငိုနေဖြစ်မလားမသိဘူး မိုးတွေရွာနေရင် မိုးရေတွေ
နဲ့အတူ ညီမ မျက်ရည်တွေအပြိုင်စီးဆင်း တတ်တာ
အကျင့်တစ်ခုလိုဖြစ်နေတတ်ပြီ အဲ့ဒါမို့လို့လည်း ညီမ
ငိုချင်တဲ့အချိန်ကျရင် မိုးရွာပါစေ လို့ ဆုတောင်းတတ်
မိတယ် အရင်အချိန်လေးတွေကို အရမ်းသတိရတယ်
အစ်ကို ။ အစ်ကိုတို့ ကတော့ ကိုယ့်ဘဝအတွက် မတူညီ
တဲ့လမ်းတွေဆီလျှောက်လမ်းနေကြနေပြီပေါ့ ဒါပေမဲ့
ကျန်ရစ်ခဲ့တဲ့ ညီမတို့တွေက အစ်ကိုတို့ကို အရမ်းလွမ်းနေ
တယ်ဆိုတာ သိရဲ့လားဟင် ?အရင်လို အမြဲတမ်း အတူမရှိနေရင်တောင် ph နဲ့
ပဲဖြစ်ဖြစ် အဆက်အသွယ်မပျက်စေချင်တာ တစ်လ
တစ်ခါလောက်တော့ တွေ့စေချင်တာ ဒါပေမဲ့ တကယ့်
ဘဝက ficition လည်းမဟုတ်သလို drama ထဲက
လိုလည်း ဖြစ်မလာနိုင်ဘူးလေ အစ်ကိုတို့နှစ်ယောက်
လုံး ကိုယ်စီအလုပ်များနေကြမှာ နှစ်ယောက်အတူတူ
ပြန်တွေ့ဖို့ဆိုတာ တကယ်ကိုမလွယ်ကူတဲ့ကိစ္စကြီးလေAugust 7 ရက်နေ့ကိုတော့ အစ်ကိုတို့နှစ်ယောက်
လုံး အား ဖို့ မျှော်လင့်တယ် နှစ်ယောက်ကို အတူတူ
ပြန်မြင်ချင်တယ် နှစ်ယောက်တည်းမဟုတ်ပါဘူး
၁၁ ယောက်လုံးကို တွေ့ချင်တာပါ အစ်ကိုတို့ ၂ ယောက်က ထိပ်ဆုံးကပေါ့လွမ်းတယ် မိုးရွာရင် လွမ်းတယ် လေတိုက်လည်း
လွမ်းတယ် အကြောင်းမတိုက်ဆိုင်လည်းလွမ်းတယ်
အစ်ကို တို့ ၂ ယောက်က တစ်ယောက်နဲ့ တစ်ယောက်
သူငယ်ချင်း အဆင့်ထက် ခံစားချက်လေးတွေ နဲနဲပဲ
ဖြစ်ဖြစ် ပိုနေကြတယ်ဆိုတာ ညီမ ခံစားမိတယ် အစ်ကို
အဲ့လို သိလေ ပိုလွမ်းလေ ဖြစ်နေတဲ့ ညီမ ဘဝပါ
ပြန်တွေ့ချင်တယ် နှစ်ယောက်သား အရင်လို
ပျော်ပျော်ရွှင်ရွှင် ရယ်မောနေတာကို ညီမဆန္ဒ တစ်နေ့
တော့ ပြည့်မှာ မလား အစ်ကို ……