အဆုံးမရှိ လွမ်းဆွတ်မှုများ......

29 5 1
                                    

    2019 ရောက်လာပြီဆိုတော့ ထုံးစံအတိုင်း
KCON တွေစလာပြီ KCON Japan ,
KCON LA စသည်ဖြင့်ပွဲတွေကျင်းပတော့မယ်
ဝမ်းသာစရာကောင်းတာက KCON Japan
မှာ Wanna One ရဲ့ main vocals တွေဖြစ်တဲ့
Kim Jaehwan & Ha Sungwoon ပါတယ်
ဒါပေမယ့် သူတို့ နှစ်ယောက်တည်းပဲလေ အရင်က
၁၁ ယောက်လုံးစုံစုံညီညီ တက်ရောက်ခဲ့တဲ့ concert
က ခုတော့ နှစ်ယောက်တည်းပဲတက်တော့မယ်

     သူများအဖွဲ့တွေ come backပြန်လာတာမြင်ရင်
Wanna One ကိုအရမ်းသတိရမိတယ် ကိုယ်တွေရဲ့
Wanna One လည်းဘယ်နေ့များမှ come back
date ကြေညာမှာလည်းလို့ " သေချာပေါက်
ပြန်တွေ့ကြမယ် " လို့ပြောထားခဲ့ပေမယ့် ဘယ်တော့
များမှပြန်တွေ့နိုင်မှာလဲ I.O.I တောင်အခုထိပြန်မဆုံ
နိုင်သေးတာ Wanna One & Wannables လည်းဘယ်တော့များမှပြန်ဆုံတွေ့နိုင်မှာလဲ ?

       " ဘယ်နှစ် ည လောက်ထပ်အိပ်ပြီးရင်
Wanna One နဲ့ပြန်တွေ့ရမှာလဲဟင် ? " ဟူ၍ ကလေး တစ်ယောက်လို ကိုယ့်ကိုကိုယ်ပြန်မေးရပေါင်း
လည်းများပြီ ခု solo debut တွေလုပ်လို့
music bank , m countdown တို့မှာ
Wanna One members တွေအချင်းချင်းပြန်
တွေ့တဲ့အခါ show တွေမှာ 1st win ရတဲ့အခါ
အချင်းချင်း ဂုဏ်ပြု စကားတွေပြောကြ ဓါတ်ပုံတွေ
ရိုက်ပြီး Sns ပေါ်တင်တဲ့အခါ comments တွေ
ဝင်မန့်လိုက်နဲ့ အဲဒါတွေကိုတွေ့တဲ့ Wannables
တွေသေမလာက်ပျော်ရွှင်ရတယ် ငါတို့ရဲ့ Wannabond က ခိုင်မြဲတယ်ပေါ့

    Magazine cover တွေရိုက်တဲ့အခါ interview တွေမေးကြတယ် အဲ့အခါ
Wanna One members တွေမရှိတဲ့အခါ တစ်ယောက်တည်းနေရတော့ အရမ်းအထီးကျန်တဲ့
အကြောင်း ကြားရတော့ Wannables တွေ
စိတ်မကောင်းဖြစ်ရပြန်တယ် Fanmeeting တွေ
လုပ်တဲ့အခါ random play dance ကကြတော့
တစ်ခြား idols တွေသီချင်းဖွင်ပြီး ကတော့ fan တွေက ဒီအတိုင်းအော်ပြီးအားပေးပေမယ့်
Wanna One ရဲ့ Light တို့ Boomerang
တို့ဖွင့်လိုက်တဲ့အခါမှာ fan chant တွေက
အရမ်းအကျယ်ကြီးကြားရတော့ အရင်ကအချိန်တွေကို
ပြန်သတိရမိကြောင်းတွေ ဒီအချိန်မှာWanna One
ရဲ့ အမှတ်တရတွေ ပြန်တွေးတိုင်း မျက်ရည်ကျနေရတယ်

    အစကတော့မသိခဲ့ဘူး Disband ဖြစ်တယ်
ဆိုတာ အဲ့လောက် နာကျင်ရတယ်ဆိုတာ ဒီအတိုင်း
တစ်ချိန်ကျရင်မေ့သွားမယ်ထင်ခဲ့တာ ခုတော့အဲ့လို
မဟုတ်ပြီး အကြောင်းတစ်ခုခုတိုက်ဆိုင်တိုင်း
မျက်ရည်ကအရင်ကျလာတယ် ခုမှသတိထားမိတယ်
ငါက တစ်ကယ်ပဲ မျက်ရည်လွယ်တတ်တယ်ဆိုတာ
 
      အဆင်မပြေမှုတွေ နာကျင်စရာတွေ မွန်းကျပ်မှုတွေ ကြုံ လာရင် စိတ်ပျော်ရွှင်လာအောင်
ဆိုပီး Wanna One ပါခဲ့ဖူးတဲ့အစီအစဉ်တွေ
ပြန်ကြည့်မိတယ် ပျော်ပါတယ် ရယ်ရပါတယ်
ဒါပေမယ့် မျက်ဝန်းထဲက မျက်ရည်က ကျနေဆဲပဲ

  အရင် က ၁၁ ယောက်လုံးတူတူ Vlive လုပ်ကြ
ပေမယ့်ခု ၁ ယောက်ချင်းစီလုပ်တော့ ရင်ထဲမှာ
ဟာတာတာ ဖြစ်နေတတ်တယ် MV တစ်ခုထွက်တိုင်း
album တစ်ခုထွက်တိုင်း instagramတို့
fancafe တို့မှာ သူတို့ fan တွေကို " hyung သီချင်းအရမ်းကောင်းတယ် နားထောင်ကြည့်ကြပါ " လို့ share ပေးတာတွေမြင်ရင်ဝမ်းနည်းမိတယ်
vlive မှာများ ကိုယ်တွေကို " Wannables " လို့
မှားခေါ်မိလိုက်တဲ့အခါ သေလောက်အောင်ပျော်ရွှင်
ိမိတဲ့အကြောင်းတွေကို ဘယ်သူမှမသိနိုင်ဘူး

     ဒီကြားထဲ Wanna One disband ဖြစ်သွား
ပြီဆိုပြီးတိုက်ခိုက်တဲ့ fandom တွေကရှိသေးတယ်
အစတုန်းကတော့လုံးဝငြိမ်မခံဘူး ပြန် တိုက်ခိုက်
ပေမယ့်နောက်ပိုင်းတော့မလုပ်တော့ဘူး
Wannables တွေဆိုတာ မြင့်မြတ်တဲ့ fandom
တွေ အဲ့လိုအဆင့်မတူတာတွေနဲ့ပြိုင်ပြီး fan war
မလုပ်တော့ဘူးလို့

   ဒီအကြောင်းတွေပြန်စဉ်းစားရင် ရင်ဘတ်ထဲက
အောင့်လာတယ် ဘယ်တော့များမှ Wannables တွေ Wanna One 11 ယောက်လုံးတူတူဖျော်ဖြေမှု
တွေပြန်တွေ့ရမှာလဲ album အသစ်ထွက်မယ်နေ့
MV အသစ်လွှင့်မယ်နေ့ OT11 တူတူ vlive
လုပ်မယ့်နေ့ " wuri Wannables Saranghamithi !!!! " လို့ပြန်ကြားနိုင်မယ့်နေ့
ထိုနေ့အား အဆုံးအစမရှိသော လွမ်းဆွတ်မှုများနှင့်အတူ တမ်းတနေမိ၏ ။

        Wanna One နှင့်အတူတူဖြတ်သန်းခဲ့ရတဲ့
1.6 years ကို အရမ်းပျော်ရွှင်ခဲ့ပါသည်
ထိုအချိန်က ကိုယ့်ဘဝရဲ့ အဖိုးမဖြတ်နိုင်သော
moments တစ်ခုဖြစ်ခဲ့သည်

6 years ကို အရမ်းပျော်ရွှင်ခဲ့ပါသည် ထိုအချိန်က ကိုယ့်ဘဝရဲ့ အဖိုးမဖြတ်နိုင်သောmoments တစ်ခုဖြစ်ခဲ့သည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Dear My LoveWhere stories live. Discover now