Letter 7💌

8 1 0
                                    

To Minseokkie oppa

oppa လို့ မခေါ်ဖြစ်တာ ကြာရောပေါ့
ဒါပေမဲ့ အခုတော့ အစ်ကို လို့ ခေါ်ချင်တယ် အစ်ကို နားမလည်နိုင်မဲ့ စာတွေ ဆိုပေမဲ့ ညီမတို့ နှလုံးသားတွေ နီးနေကြတာပဲ မဟုတ်လား အဲဒါကြောင့် ရင်းရင်းနှီးနှီးလေးပေါ့နော်
ပထမဆုံး အနေနဲ့ ကာင်းကောင်းမွန်မွန် နဲ့ တိုင်းပြည်တာဝန်တွေ ထမ်းဆောင်ပြီး ထိခိုက်ဒဏ်ရာမရဘဲ ကျန်းကျန်းမာမာနဲ့ ပြန်လာခဲ့ပါ အစ်ကို ခဏ ချန်ထားရစ်ခဲ့ တဲ့ နေရာမှာပဲ ရပ်စောင့်နေမှာမို့ ဘာကို မှ နောက်ဆံ မတင်းပါနဲ့ မခွဲချင်သေးပေမဲ့လည်း အစ်ကို ဆုံးဖြတ်ချက်မို့ လေးစားရမယ်လေ
မိုင်ပေါင်း ၂၃၅၇ ကွာဝေးပြီး ဘာသာစကားချင်းလည်း လုံးဝ ခြားနားနေတဲ့ ညီမတို့တွေ က မျက်ဝန်း အကြည့်တွေနဲ့တင် ခံစားချက်တွေ ဖလှယ် နိုင်ခဲ့တယ် မလား
အစ်ကို ကို့ ညီမတို့ ယုံကြည်သလို အစ်ကိုကလည်း ညီမတို့က ယုံကြည်ပေးထားပြီ ပဲ ဘာလို ဦးမှာလဲ
Paper cut သီချင်းထဲကလိုပဲ
"မတွေ့နိုင်တဲ့အချိန်တွေက တကယ့် အချစ်မေတ္တာ အစစ်အမှန်က ဘာလဲ ဆိုတာ ပြောပြပေးနိုင်တယ်မလား "
အဲ့လိုပဲ အစ်ကို ပြန်ရောက်လာတဲ့ အချိန်အထိ ညီမက စောင့်နေပေးနိုင်တယ် ဆိုတာ ကိုယ့်ကို ကို ယုံတယ် အစ်ကို
တကယ်လို့ အစ်ကို သာ ညီမ စကားတွေ ကို နားလည်ပြီး ညီမ ခံစားချက်တွေ သိမယ်ဆိုရင်
"Yah ငါ ကလေး မဟုတ်တော့ဘူး မင်းထက် အသက်အများကြီး ကြီးတယ် ကို်ယ်ကိုကို ဂရုစိုက်ရမယ် ဆိုတာ သိတယ် မင်းသာ ပြသနာမရှာဘဲ အေးဆေး နေခဲ့ "
ဆိုပြီး အော်လောက်မယ်နော်
အများကြီး စိတ်ကို တင်းထားပေမဲ့လည်း တကယ်ကျ
မခံစားနိုင်ဘူး အစ်ကို ရ
တစ်နေ့ကျ ဖြစ်လာမှာ ဆိုပြီး ပြင်ဆင်ထားပေမဲ့လည်း တကယ်ကျ ငိုမိတာပဲ အစ်ကိုရေ
ကတိပေးပါတယ် အစ်ကိုရေ
ဘာအတွက် ကြောင့်မှ အသက်ဆက်ရှင်သန်စရာ အကြောင်းပြချက် မရှိတော့တာ ကြာခဲ့ပြီးတော့ အစ်ကို တို့ အတွက်ကြောင့်ပဲ ရှင်သန်နေရတဲ့ ဘဝမို့ အစ်ကိုတို့ လမ်းပြခဲ့တဲ့ အတိုင်း ကောင်းကောင်းရှင်သန်ပါ့မယ်
ဒီဘဝ တွေ့ဖို့ မဖြစ်နိုင်တော့ရင်တောင် နောက် ဘဝကျ ဆက်ဆက် တွေ့ဖို့ ဖြစ်နိုင်ပါစေလို့ အမြဲဆုတောင်းပါတယ် အဲ့ကျရင်တော့ နည်းနည်းလေးလောက်ဖြစ် ဂရု ပြုပေးပါ ချစ်သော အစ်ကိုရေ ❤❤❤

#May4th2019

မရောက်သောစာတွေ 💌💌Where stories live. Discover now