Letter 10💌

11 1 0
                                    

Kyungsoo ရေ

တကယ်လို့ ဒီစာကိုသာ နင်ဖတ်ဖြစ်မယ်ဆိုရင်
ယဉ်ယဉ်ကျေးကျေးမခေါ်လို့ ဆိုပြီး ငါ့ကို စိတ်တွေဆိုးဦးမလားပဲနော်...

အရင်က တော့ Oppa လို့ခေါ်ရတာကြိုက်ပေမဲ့
နောက်ပိုင်းတော့ ဒီတိုင်း ရင်းရင်းနှီးနှီး သုံးနှံးရတာ ပိုကြိုက်လာလို့ပါ..😁😁

အမြဲတမ်းခံစားချက်တွေကို သိုဝှက်လွန်းတဲ့နင်
ဘာမှ မပြောဘဲ အမြဲ ပြုံးပြုံးလေးပဲ ကြည့်နေတတ်တဲ့နင်
အရာအားလုံးထက် အများကြီး အများကြီး ပိုချစ်တယ်ဆိုတာ ငါထပ်ခါထပ်ခါ မပြောလည်း နင်ယုံပါ....
သူများတွေလို ပိုပြီးသဘောကျလာအောင် နင်မပြေတတ်ပေမဲ့ နင်ငါတို့ကို သံယောဇဉ် အရမ်းရှိတယ်ဆိုတာ နားလည်ပါတယ်

ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာနဲ့ ဘေးမသီ ရန်မခပဲ ပြန်လာခဲ့ပါ ❤
နင်ထားခဲ့တဲ့ အတိုင်းပဲ နင်လက်ဆောင်ပေးခဲ့တဲ့ သီချင်းလေး နဲ့ စောင့်နေပါ့မယ်
😍😍

ဒါပေမဲ့ ငါရင်ထဲ လေးနေတာ ရှိတယ်သိလား
ဘာလို့ ရုတ်တရက်ကြီး နင် စစ်ထဲ ဝင်သွားရတာလဲ နင်ရှေ့က Hyung တွေ ရော Beagle line တွေ ရော ကျန်သေးတယ်လေ
နင့်မှာ ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေရှိနေတာလား,???
တစ်ခါတစ်လေတော့လည်း နင့်စိတ်ထဲ ငါဝင်ကြည့်ချင်တယ် သိလား
နင်ဘာတွေများတွေးနေမလဲလို့လေ...

ပြီးတော့လေ ငါ Cactus 🌵🌵 အပင်လေး တစ်ပင်လောက် ဝယ်စိုက်မလို့သိလား
နင် တိုင်းပြည် တာဝန်တွေ ပြီးလို့ ပြန် ရောက်လာမဲ့ အချိန်အထိ အဲ့ အပင်လေးကို ငါဂရုစိုက် ပြီး ရှင်သန်အောင်ထားမယ်လေ
😊😊😊 ငါက နင်နဲ့ ပတ်သတ်ရင် တအားရူးတာပဲနော်

သြော် ငါလေ Minseokkie ပွဲနေ့မှာ နင်က ဘာလို့ ငိုနေကြတာလဲ နိုင်ငံခြား သွားတလည်း မဟုတ်ဘဲနဲ့လို့ ပြောထားလို့ July 1 ရက်နေ့ မနက်က နင့်ဓာတ်ပုံတွေ ကြည့်ပြီး မငိုဘူးလို့ ဆုံးဖြတ်ထားပေမဲ့ နင်ကပြောတယ်မလား
"ငိုချင်ရင်လည်း ငိုလိုက်ပါ ရယ်ချင်ရင်လည်း ရယ်လိုက်ပါ " ဆိုလို့ ငါနည်းနည်းတော့ ငိုမိတယ်သိလား

ကောင်းကောင်းပြန်လာခဲ့ပါ ငါရဲ့ လူအေးကြီးရေ
ပျော်ပျော်ရွှင်ရွှင် ပြန်တွေ့ဖို့ ငါစောင့်နေပါ့မယ် 😘😘😘

မရောက်သောစာတွေ 💌💌Where stories live. Discover now